Friday, March 8, 2013

ရိုဟင်ဂျာတွေ အိမ်ဆောက်ပေးမှုအစီအစဉ် ရခိုင်နဲ့သံဃာတော်တွေကန့်ကွက်

ABC

ရခိုင်ပြည်နယ် ​စစ်တွေမြို့၊ ​ကျောက်တော်မြို့နဲ့ ​မြောက်ဦးမြို့တွေမှာ ​တူရကီနိုင်ငံရဲ့အကူအညီနဲ့ ​ရိုဟင်ဂျာ ​တွေကို ​အိမ်ယာဆောက်လုပ်ပေးမယ်လို့ ​သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ​မတ် လ ​၇ရက်နေ့မှာ ​သံဃာတော်တွေနဲ့ ​ရခိုင်လူမျိုးတွေက ​ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ ​သိရပါတယ်။

ဆန္ဒပြပွဲတွေကို ​ရခိုင်တပြည်လုံးပြုလုပ်သွားဖို့ရှိတယ်လို့ ​၀ံလက်ဖောင်ဒေးရှင်းက ​ဦးထွန်းသိန်းအေးက ​အခုလိုပြောပါတယ်။

“ဆန္ဒပြတာတော့ ​အခုကဘင်ဂလီတွေကို ​အိမ်ယာဆောက်ပေးမယ်ဆိုပြီးတော့ ​အစိုးရမှာ ​အစီအစဉ် ​ဖြစ်တယ်၊ ​ဆိုတော့ ​တရားဝင်တဲ့လူလည်းရှိတယ်၊ ​တရားမ၀င်တဲ့လူလည်း ​ရှိနေတဲ့ ​အ ခါကျတော့ ​နိုင်ငံတော်သမ္မတက ​တရားဝင်တဲ့လူရော၊ ​တရားမ၀င်တဲ့လူရော ​အကုန်လုံး ​အိမ်ယာဆောက်ပေးမယ် ​ဆိုရင် ​သူတို့အပြစ်ဖြစ်သွား ​မှာစိုးလို့ ​နိုင်ငံတော်က ​နိုင်ငံသားစီစစ်ရေး လုပ်ပြီးမှ ​နိုင်ငံသားဖြစ်တဲ့လူကို ​အိမ်ဆောက်ပေးမယ်ဆိုတဲ့အယူအဆနဲ့ ​ဆန္ဒပြတာပါ။”
ဒါ့အပြင်ဆန္ဒပြပွဲပြီးတဲ့အချိန်မှာ ​ဆန္ဒပြပွဲကို ​ခေါင်းဆောင်ခဲ့တဲ့ ​ရခိုင်အမျိုးသမီးကွန်ယက်က ​ဒေါ်ညိုအေးကို ​သက်ဆိုင်ရာက ​ခေါ်ဆောင်သွားတယ်လို့ ​ဦးထွန်းသိန်းအေးက ​ဆက်ပြောပါ တယ်။

“အခုပဲကျနော်တို့ ​ဆန္ဒပြတဲ့ခေါင်းဆောင်ဖြစ်တဲ့ ​ရခိုင်အမျိုးသမီးကွန်ယက် ​ဒေါ်ညိုအေးကို ​ရဲကခေါ်ပြီး ​စစ်ဆေးနေတယ်လို့ ​ကျနော်တို့ခုပဲဖုန်းရပါတယ်ခင်ဗျာ၊ ​ဆန္ဒပြပွဲက ​ပြီးတာနဲ့ ​ခေါ်သွား တာပါ၊ ​သူ့သမီးဆီက ​ဖုန်းရလိုက်တာပါ၊ ​ကျန်တဲ့သူဘယ်သူပါသွားတယ်ဆိုတာ ​ကျနော်တို့ ​မသိရသေးဘူး။”
အခုဆန္ဒပြပွဲနဲ့ ​ပတ်သက်ပြီး ​ရဲစခန်းမှာ ​တရားဝင်ခွင့်ပြုချက်တောင်းခံခဲ့ပြီး ​မြို့နယ်ရဲမှူးက ​ပယ်ချခဲ့တာကို ​ခွင့်ပြုချက်မရဘဲ ​ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ​သိရပါတယ်။ 

သက်ဆိုင်ရာ ​တာဝန်ရှိသူတွေအနေနဲ့ ​တရားမ၀င်တဲ့သူတွေကို ​camp ​ထဲမှာ ​ထားမယ်ဆိုပြီး ​အခုက ​တရားဝင် ​တဲ့သူရော ​တရားမ၀င်တဲ့သူရောအားလုံးကို ​မီးလောင်ပြင်မှာ ​အိမ်ဆောက် ပေးမယ်လို့ ​ပြောဆိုတဲ့ ​အတွက် ​ရခိုင်ပြည်ထဲမှာ ​အခုလိုထားမယ်ဆိုရင်ကြာလာတဲ့အခါ ​ရခိုင်လူမျိုးတွေ ​ပျောက် ​သွားမှာ ​စိုးရိမ်တယ်လို့ ​ဦးထွန်း ​သိန်းအေးက ​ပြောခဲ့တယ်ဆိုတဲ့ ​အကြောင်း ​ရေဒီယိုသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ ​ပါတယ်။

No comments: