Monday, March 18, 2013

သံသယကြောင့် ဘင်္ဂလာဒေခ်ျ့ ရဲသား ၃ ဦးကို မြန်မာက ပြန်မလွှတ်

နိရဉ္စရာ

ဖမ်းဆီးခံထားရသော ဘင်္ဂလာရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦးတို့ လွှတ်မြှောက်ရေး အတွက် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ အကြား တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့သော်လည်း မြန်မာဘက်က ဖမ်းဆီးထားသူများကို ပြန်မလွှတ်ဘဲ ဆက်လက် ထိန်းသိမ်းထားဟု သတင်း ရရှိသည်။

နှစ်နိုင်ငံ အလံတင် အစည်းအဝေးအား ယမန်နေ့ နံနက် ၁၁ နာရီမှ နေ့လည် တစ်နာရီခွဲ အချိန်ထိ မြန်မာ နယ်စပ် ဒက်ခူဘာနီယာ အရပ်တွင် ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခံ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို မြန်မာဘက်က လွှတ်ပေးရန် သဘောမတူခဲ့ဟု ဆိုသည်။

မြန်မာဘက်က အဖမ်းခံရသူများနှင့် ပတ်သက်ပြီး သံသယများ ရှိနေပြီး ဆက်လက် စစ်ဆေးစရာများ ရှိနေသေးသည်ဟု ဆိုကာ ယခု အစည်းအဝေးတွင် လွှတ်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ပြောဆို ခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ အရာရှိများမှ သူတို့ နိုင်ငံသား ၄ ဦးကို နောက်လာမည့် တပ်မှူး အဆင့် အလံတင် အစည်းအဝေးတွင် မြန်မာဘက်က လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

သာမန် အရပ်သား အ၀တ်များကို ၀တ်ဆင်ထားသော ဘင်္ဂလာဒေခ်ျ့ ရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦးတို့သည် မြန်မာနိုင်ငံအထဲ ၀င်ရောက်ပြီး အရေးကြီးသော နေရာများ ဓါတ်ပုံရိုက်သဖြင့် မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့က လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဖမ်းဆီးခဲ့သည်။

နစကတပ်ဖွဲ့နှင့် နီးစပ်သူများ အပြောအရ သူတို့သည် နိုင်ငံခြား အဖွဲ့အစည်း တစ်ခုမှ ငွေယူပြီး မြန်မာနိုင်ငံထဲသို့ ၀င်ရောက်ကာ ဓါတ်ပုံ ရိုက်ခြင်း ဖြစ်ကြောင်း စစ်ဆေးစဉ် ပြောဆိုသည်ဟု ဆိုသည်။

ဖမ်းဆီခံရသူ ရဲတပ်သား သုံးဦးထဲတွင် တစ်ဦးမှာ ကော့တော့ပလောင် မြန်မာ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် တာဝန်ကျနေသူ ဖြစ်ပြီး နောက်နှစ်ဦးမှာ အိုကီးယားမြို့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်ရုံတွင် တာဝန်ကျနေသူများ ဖြစ်သဖြင့် မြန်မာ အာဏာပိုင်များကို ပိုမို သံသယနှင့် ရှုပ်ထွေးမူကို ဖြစ်စေသည်ဟု ဆိုသည်။

အလံတင် အစည်းအဝေးတွင် ဘင်္ဂလာဒေဒခ်ျ့ အာဏာပိုင်များက သူတို့နာမည်များနှင့် ဓါတ်ပုံများကို မြန်မာဘက်သို့ ပေးခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးသို့ ဘင်္ဂလာဒေခ်ျ့ဘက်မှ အမှတ် ၁၇ ဘီဂျီဘီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခါလေ ကျူဇာမန် ဦးဆောင်သာ ကိုယ်စားလှယ် (၈) ဦးပါ အဖွဲ့ တက်ရောက်ပြီး မြန်မာဘက်မှ နစက ဒုကွပ်ကဲရေးမှူး ဦးဆောင်သော (၈) ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

No comments: