သျှမ်းသံတော်ဆင့်
မကြာမှီကျင်းပမည့် ကေအိုင်အေ နှင့် အစိုးရ ဆွေးနွေးပွဲ၌ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် နှင့် မိုင်းလားတပ်ဖွဲ့တို့ အသိသက်သေအနေဖြင့် တက်ရောက်ရန် ဖိတ်ကြားခြင်းခံရ ကြောင်း နီးစပ်သည့်အသိုင်း အဝိုင်းကပြောပါသည်။
“ကျနော် ကြားထားတာက ဝ တပ်ဖွဲ့ မိုင်းလားတပ်ဖွဲ့ အပြင် အရင်တုန်းက တွေ့ဆုံပွဲမှာ အသိသက်သေ အ နေနဲ့ တက်ရောက်ဖူးတဲ့ RCSS/SSA က ကိုယ်စားလှယ်လဲ ထပ်မံတက်ရောက်မယ်လို့ကြားသိရတယ်” - ဟု ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်လှုပ်ရှားသူ ပုဂ္ဂိုလ်တဦးကပြောပါသည်။
မတ်ခ်ျ တတိယပတ်အတွင်း ရွှေလီမြို့မှာ ထပ်မံတွေ့ဆုံမည့် ကချင်လွတ်လပ်ရေးတပ်မတော် နှင့် အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီတို့ တွေ့ဆုံပွဲအား အသိသက်သေအ နေဖြင့် တက်ရောက်ရန် - UNFC အဖွဲ့ဝင်များမှ တာဝန်ရှိသူများအပြင် RCSS/ SSA သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးစိုင်းဦး၊ အမျိုးသားဒီမို ကရက်တစ် မဟာ မိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း (မိုင်းလားတပ်ဖွဲ့) NDAA-ESS အထွေထွေ အတွင်းရေးမှူး စဝ်ဆိုင်လား၊ စဝ်ခမ်းမောင်၊ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော် UWSP/UWSA တွင် ဒုစစ်ဦးစီးချုပ် ကျောက်ကျုံးတန်း နှင့် ပြောရေးဆိုခွင့်ရှိသူ လီကျူးလျဲ့ခေါ် ဦးအောင်မြင့်တို့ တက်ရောက်မည်ဟု ကြားသိရပါသည်။
“ကျနော်တို့ ကို ကေအိုင်အေက ဖိတ်လာတာပါ။ သွားမှာက သုံးယောက်စီစဉ်ထားတယ်။ ဒုစစ်ဦးစီးချုပ် ကျောက်ကျုံးတန်းနဲ့ ပြောရေးဆိုခွင့် ဦးအောင် မြင့် နဲ့နောက်တယောက်သွားမယ်။ အသိသက်သေအနေနဲ့ ပဲ သွားတက်ရောက်မှာပါ”- ဟု တရုတ်နယ်စပ်မှ နီးစပ်သူတဦးကပြောပါသည်။
အစိုးရဘက်တွင်မူ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက် ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်း ထွန်းနောင် နှင့် ကချင်ပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်တို့လည်း တက်ရောက် မည်ဟု ကြားသိရပါသည်။
ကေအိုင်အို/ကေအိုင်အေ နှင့် အစိုးရတပ်တို့ ၂၀၁၁ ဂျွန် ၉ ရက်နေ့မှ စ၍ ၂၀၁၃ နှစ်ဦးပိုင်းအထိ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ ကေအိုင်အေ၏ အရေးပါတပ်စခန်းများအား အစိုးရတပ်က တိုက်ခိုက်သိမ်း ပိုက်လိုက်၏။ ထိုနောက်ပိုင်း တိုက်ပွဲ အရှိန်လျှော့ကာ ဖေဖေါ်ဝါရီ လ ၄ ရက်နေ့က တရုတ်အစိုးရအကူအညီ ဖြင့် မူစယ်မြို့ တဘက်ခြမ်း တရုတ်နိုင်ငံ ရွှေလီမြို့၌ နှစ်ဘက် တွေ့ဆုံဆွေးနွေးခဲ့ကြ၏။ ထိုဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးအတွက်လက်တွဲကာဆက်လက်အကောင်အထည်ဖေါ်သွားဖို့သဘောတူခဲ့ကြသည့်နောက်ပိုင်း ယခုတဖန်ထပ်မံ တွေ့ဆုံခြင်းဖြစ် ပါ သည်။
No comments:
Post a Comment