ABC
၂၅ နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဥက္ကဌအဖြစ် ပြန်လည်ရွှေး ကောက်တင် မြောက်ခဲ့ကြပါတယ်။
ဥက္ကဌ အ ဖြစ် ပြန် လည် ရွှေး ကောက် ခံရတဲ့ ဒေါ်အောင်ဆန်း စုကြည်က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ သူ့ကို ရဲရဲ ဆက် ဆံ စကားပြောဆို တိုင်ပင် ဆွေးနွေးဖို့ တိုက်တွန်း လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခုလို တိုက် တွန်း ပြောဆို ခဲ့ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုဂ္ဂိုလ်ရေးထင်ရှားကျော်ကြားမှုတွေနဲ့ ဥာဏ် ရည် ထက်မြက်မှုတွေဟာ အန်အယ်လ်ဒီ ပါတီမှာ လွှမ်းမိုး နေဆဲ ပဲလို့ သုံးသပ်ကြပါတယ်။
ပါတီတွင်းမှာ မျိုးဆက်သစ် လူငယ်တွေ လိုအပ်နေတယ် ဆိုတာကို အားလုံးက သဘောတူကြပေမယ့် ပါတီလုပ်ငန်းကို ဦးဆောင်လုပ်ကိုင် မယ့် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၁၅ ထောက်ထဲမှာ အများစုက အသက် ၆၀ ကျော်သူတွေဖြစ်ကြပြီး တချို့က ၇၀ ဝန်းကျင် ရှိသူတွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချူပ်ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ယောက်နဲ့ အရံဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၅ ယောက် ရွေးချယ်ခန့်အပ် လိုက်ပါတယ်။
မတ်လ ၁၀ ရက်နေ့မှာ ပြီးဆုံးသွားခဲ့တဲ့ ညီလာခံကနေပြီး ပါတီကို ဦးဆောင်မယ့် ဗဟိုကော်မတီ ၁၂၀ နဲ့ အရံဗဟိုကော်မတီ ၃၀ ကိုလည်း ညီလာခံ ကိုယ်စားလှယ်တွေက ရွေးချယ်ခဲ့ကြတယ်လို့ ညီလာခံကို တက်ရောက်ခဲ့တဲ့ ရှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။
အဲ့ဒါ့အပြင် သဘာပတိအဖွဲ့ကိုလည်း ရွှေးချယ်လိုက်ပြီး အဲဒီအထဲမှာ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသိန်းထွန်း၊ ဦးလှဖေ၊ ဦးကျော်ခိုင်၊ နိုင်သောင်း ညွန့်၊ ဦးသိန်းတန်တို့ ပါဝင်ပါတယ်။
အရင်တုန်းက NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မေ၀င်းမြင့်၊ ဒေါ်ခင်ဌေးကြွယ် တို့သာ ဦးဆောင်ခဲ့ပေမယ့် ခုအခါမှာ ဦးအုန်းကြိုင်၊ ဦးဝင်းထိန်၊ ဒေါက်တာ ဦးဇော်မြင့်မောင်၊ ဒေါက်တာ အောင်မိုး ညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု နဲ့ ဒေါက်တာ ဦးမျိုးအောင် တို့နဲ့ တိုးချဲ့ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။
ဒါ့အပြင် အရံ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးမန်းဂျော်နီ၊ ဒေါက်တာ သိန်းလွင် ၊ ဦးအောင်စိုး၊ ဦးဇိုဘွဲ နဲ့ ဒေါ်ဖြူဖြူသင်း တို့ ကို ရွေးကောက်တင်မြောက်ပြီး တိုးချဲ့ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။
တဆက်တည်းမှာပဲ ဗဟိုကော်မတီဝင် ၁၂၀ နဲ့ အရံ ဗဟိုကော်မတီဝင် ၃၀ ရွေးချယ်ခဲ့ရာမှာလည်း တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေ သတွေဖြစ်တဲ့ ဓနု ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသ ပင်းတယမြို့နယ်က ဦးညီလေးချမ်း၊ နာဂ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသ လဟယ်မြို့နယ်က ဦးကယ်၊ ပလောင် ကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်က ဦးမိုင်းရဲကျော်သူ နဲ့ ပအို့ဝ် ကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် က ဦးစိုင်းမြင့်ဆွေ တို့ကို သီးသန့် ထည့်သွင်း ရွေးချယ်တာဝန်ပေးအပ်ခဲ့ပါတယ်။
NLD ရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မိမိတို့ တိုင်းနဲ့ ပြည်နယ် အလိုက် ချပြပြီး ပြုပြင်လို တဲ့ အချက်အလက်တွေကို လာမည့် ဧပြီးလမှာ ကျင်းပမည့် ဗဟို ကော်မတီအစည်းအဝေးမှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။ ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်နဲ့ ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဒေါ်ခင်မိုးမိုးက ပြောပါ တယ်။
ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ NLD ပါတီ ညီလာခံကို တိုင်း၊ ပြည်နယ်၊ ခရိုင်တွေက ကိုယ်စားလှယ် စုစုပေါင်း ၉၀၂ ဦး တက်ရောက်ခဲ့တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သ တင်း ပေးပို့ထားပါတယ်။
No comments:
Post a Comment