Monday, March 11, 2013

ရခိုင်အမျိုးသား ဒါဇင်ဝက်ခန့် NLD ဗဟို ခေါင်းဆောင်များ အဖြစ် ရွှေးချယ်ခံရ

(နိရဉ္စရာ)

အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ရခိုင်အမျိုး သားများ (၅) ဦး ဗဟို ထိပ်ပိုင်း ခေါင်းဆောင်များ နေရာတွင် ရွှေးချယ်ခံခဲ့ ရသည်ဟု သတင်း ရရှိသည်။

တောင်ကုတ်မြို့မှ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲနိုင် NLD အမတ် ဦးကျော်ခိုင်မှာ သဘာပတိ အဖွဲ့ဝင် ဖြစ်လာပြီး ၁၉၉၀ ခုနှစ် ဂွမြို့နယ် NLD အမတ် ဦးညီပုမှာ CEC ( ဗဟို အလုပ်အမူ ဆောင်) အဖြစ် ရွှေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

ဗဟိုကော်မီတီ ( CC) အဖြစ် လေးဦးရွှေးချယ် တင်မြှောက်ခံခဲ့ရပြီး၎င်းတို့မှာ တောင်ကုတ်မြို့မှ ဦးမင်းအောင်၊ မာန်အောင်မြို့မှ ၁၉၉၀ ရွှေးကောက်ပွဲနိုင် NLD အမတ် ဦး သိန်းမောင်၊ ရသေ့တောင်မှ NLDအမတ်ဦးမောင်ကြွင်းအောင် နှင့် ဂွမြို့နယ် ၁၉၉၀ အမတ် ဦးညီပု တို့ ဖြစ်ကြသည်။

ညီလာခံသို့ ရခိုင်မှာ ကိုယ်စားလှယ် ၄၁ ဦး တက်ရောက်ခွင့် ရခဲ့သော်လည်း (၂) ဦးပျက်ကွက်ခဲ့သဖြင့် ၃၉ ဦးသာ တက်ရောက်နိုင်ခဲ့သည်ဟု ဆိုသည်။


မတ်လ ၈ ရက်နေ့က စတင်ပြီး သုံးရက်တိုင်တိုင် ကျင်းပခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကို ၂၅ နှစ်တာကာလတွင် အောင် မြင်အောင် ကျင်း ပနိုင်ခဲ့ပြီး ရခိုင်ခေါင်းဆောင် များကို နေရာပေးမူ အတွက် ၀မ်းမြောက်ကြိုဆိုကြောင်း NLD ရခိုင်ကိုယ်စားလှယ်များက ပြော သည်။

No comments: