Tuesday, January 6, 2015

၂၀၁၅ ရွေးကောက်ပွဲဝင်မည့် မြို့နယ်များမှ ကိုယ်စားလှယ်လောင်းအမည်စာရင်း ANP တောင်းခံ

နိရဉ္စရာ

စစ်တွေတွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားပါတီ (ANP) ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ကြမည့် မြို့နယ် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းအား တောင်းခံသွားမည်ဟု သိရသည်။

“ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ အစည်းအဝေးကနေ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အထဲမှာ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် မြို့နယ်တွေက လွှတ်တော် ကိုယ်စားလှယ် လောင်းတွေရဲ့ အမည်စာရင်းတွေကို တောင်းခံသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် မြို့နယ်အသီးသီးက ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို များမကြာမီ စတင်တောင်းခံသွားမည်” ဟု ပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောသည်။

ယင်းဆုံးဖြတ်ချက်အား စစ်တွေတွင် ၂၀၁၅ ဇန်န၀ါရီလ ၂ ရက်နေ့ကနေ ၃ ရက်နေ့ထိ ပြုလုပ်သော ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ချမှတ်ခဲ့သည်ဟု သိရသည်။

No comments: