Monday, January 26, 2015

ဆက်သွယ်ရေးကဏ္ဍ အဆင့်မြှင့်တင်ရန် ဂျပန်ချေးငွေယူခွင့် လွှတ်တော် အတည်ပြုပေး

မောင်သင်တုန်း

မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို အဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန် ယန်း ၁ဝ ဒသမ ၅ဝဝ ဘီလီယံ (ကျပ် ၉၁ ဘီလီယံကျော်) ချေးငွေရယူရန် ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီ ၂၃ တွင် အတည်ပြုလိုက်သည်။

ချေးငွေ သဘော တူညီချက် ရယူရာတွင် ဆိုင်းငံ့ ကာလ ဆယ်နှစ်ဖြစ်ပြီး ပြန်လည်ပေးဆပ်ရန် ကာလမှာ နှစ် ၃ဝ စုစုပေါင်း နှစ် ၄ဝ သက်တမ်းဖြစ်သည်။

ချေးငွေ ရ ယူရာတွင် အတိုးနှုန်းမှာ သုည ဒသမ ဝ၁ ရာခိုင်နှုန်း ဖြစ်သည့် အတွက်ပြည်ထောင်စု လွှတ်တော် ကဆွေးနွေး ဆုံးဖြတ်ပေးနိုင်ရန် အဆိုတင် သွင်းခြင်းဖြစ် သည်ဟုပြောသည်။

ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒု- ဝန်ကြီးက ''ဆက်သွယ်ရေး ကွန်ရက် အမြန် ဆုံးဖြန့်ကြက် သွားနိုင်အောင်ဆောင် ရွက်နိုင်ဖို့က မိမိတို့ ဝန်ကြီးဌာန၏ တာဝန်ဖြစ် ပါတယ်''ဟု ဆိုသည်။

အဆိုပါချေးငွေများဖြင့်နေပြည်တော်နှင့် မန္တလေးမြို့များကို ဆက်သွယ်ထားသော ပင်မဖိုင်ဘာဆက် ကြောင်း အတွက် စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ရန်ကုန် မြို့တွင်း ဆက်သွယ်ရေး ကွန်ရက် အခြေခံ အဆောက် အအုံများ တည်ဆောက်ခြင်း၊ အင်တာ နက်မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်နှင့် စက်ပစ္စည်း များတပ် ဆင်ခြင်း၊ IPV6 စနစ် စတင်သုံး စွဲနိုင်ရေးဆောင် ရွက်ခြင်းနှင့် သီလဝါ အထူး စီးပွားရေး ဇုန်တွင် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ များဆောင်ရွက် သွားမည်ဖြစ်သည်။

ဆက်သွယ်ရေးကဏ္ဍသည် တောင်ပေါ်ဒေသများတွင်လည်း လိုအပ်ချက် ရှိနေသေးသည်ဟု လွှတ်တော် ကိုယ်စားလှယ် ဦးပေါ်လျှံလွင် ကဆွေးနွေးသည်။

No comments: