မြတ်မင်း
နိုင်ငံ့ခေါင်းဆောင်ကို ပြည်သူများ လွတ်လပ်စွာ ရွေးခြယ်ခွင့် မရှိသည့်အတွက် မြန်မာပြည်သူပြည်သားများ အမှန်တကယ် လွတ်လပ်ရေးရပြီးလားဟု မေးခွန်းထုတ်ရမည်ဟု ၆၇ နှစ် မြောက် လွတ် လပ်ရေးနေ့ အခမ်းအနားတွင် ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်က ပြော ကြားလိုက်သည်။
ဇန်န၀ါရီလ ၄ ရက်တွင် ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်ပွဲ ကျင်းပရေးကော်မတီရုံးရှေ့၌ ကျင်းပသည့် ထိုအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“တကယ့်လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် နိုင်ငံသားမျာရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ရေးသားခွင့်၊ ဟောပြောခွင့်တွေ ရှိနေကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ လူမပြောနဲ့ ဘုန်းကြီးတောင် တရားဟောရင် တရားဟောပြောခွင့် လျှောက်လွှာတင်ပြီးမှ ဟောရတဲ့ နိုင်ငံ၊ မီဒီယာ သမားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ချနေတာကလည်း ဒီနိုင်ငံပါပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့ နိုင်ငံ သားတွေ လွတ်လပ်ရေးတကယ်ရပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါပြီ" ဟု ၎င်းက လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် လူထုအား ပြောကြားလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်း ၅၀ ကျော် ကြာ ကြပ်ကြပ် တည်းတည်းဖြင့် အဖိနှိပ်ခံဘ၀ဖြင့်နေလာခဲ့ရပြီး တရားဥပဒေကို လက်နက်သဖွယ်အသုံးချ၍ ပြည်သူများ ကို ခြိမ်းခြောက်နေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနှံ့ ရောက်ရာအရပ်ဒေသတွင် နိုင်ငံသားများက ဧည့်စာရင်းတိုင်နေရခြင်း၊ ကိုယ့်ခေါင်းဆောင်ကိုယ် လွတ်လပ်စွာရွေးချယ်ခွင့် မရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခွင့် မရ စေရန် ပြုလုပ်ခြင်းများကို ကြည့်ခြင်းအားဖြင့် လွတ်လပ်ခွင့်မရှိသည်ကို တွေ့ရသည်ဟု ၎င်းက ထောက်ပြ ဟောပြောခဲ့သည်။
အဆိုပါ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်ပွဲကျင်းပရေး ကော်မတီနှင့် မန္တလေး ရှိ မြို့မိမြို့ဖများက ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားကို အစီအစဉ် ၇ ရပ်ဖြင့် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ ကျောင်သားကျောင်းသူများ၊ အရပ်ဖက်လှုမှုအဖွဲ့အစည်းများ၊ ဗိုလ်ချုပ်ချစ်မြတ်နိုးသည့် လူငယ်လူရွယ်များ အင်အား ၁၀၀၀ ခန့်တက်ရောက်ခဲ့သည်။
No comments:
Post a Comment