Sunday, January 4, 2015

ကားတိမ်းမှောက်၍ ဖောင်ကြီးသင်တန်းလာတက်သော ဆရာမ ၇ဦး ဆေးရုံတင်ထားရ

ကေဇူး

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဖောင်ကြီးသင်တန်းတက်ရန်လာသော ဆရာ၊ဆရာမ များစီးနင်းသည့် ကားတိမ်းမှောက်၍ ဆရာမ ခုနှစ်ဦးကို အမ်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင်တင်ထားရသည်ဟု အမ်းမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

ကျောင်းဆရာ၊ဆရာမ ၃၆ ဦးစီးနင်းလိုက်ပါလာသည့် အဆိုပါယာဉ်မှာ အမ်းမြို့နယ် အထွက်တွင် ဇန်နဝါရီလ ၂ရက် ညနေလေးနာရီတွင် တိမ်မှောက်ခဲ့ခြင်းဖြစ်သည်။

“အတွင်းလူနာအဖြစ် ဆေးရုံတင်ထားပါတယ်။ စိုးရိမ်စရာမရှိတော့ မရှိပါဘူး”ဟု အမ်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

ယာဉ်တိမ်းမှောက်သည့် အဆိုပါလမ်းပိုင်းမှာ ရခိုင်ရိုးမတောင်တန်းများကို ဖြတ်သန်းဖောက်လုပ်ထားသောကြောင့် ယဉ်တိမ်းမှောက်မှုများ၊ မတော်တဆမှုများ မကြာခဏဖြစ်တတ်သည်။

No comments: