Saturday, January 3, 2015

အသက် ၉ နှစ်အရွယ် ကျောင်းသူနှစ်ဦးကို လိမ်လည်ခေါ်ဆောင်သူအား ဖမ်းမိ

ခင်မြတ်မြတ်ဝေ

လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက် အ.မ.က (၁၃) ကျောင်းတွင် ကျောင်းတက်နေသည့် ၉ နှစ်အရွယ် ကျောင်းသူနှစ်ဦးကို လှိုင်သာယာမြို့နယ်တွင်ပင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက မုန့်ဝယ်ကျွေးမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခဲ့၍ လှိုင်သာယာမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ရဲစခန်း တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

ကလေးနှစ်ဦးအား ဒီဇင်ဘာ ၃၀ ရက်က လိမ်လည်ခေါ်ဆောင်သူ မသန္တာကို ရပ်ကွက်လူကြီးများကတွေ့၍ ဆိုင်ကယ်ဖြင့် လိုက်လံဖမ်းဆီးရာမှ ထိုနေ့ နေ့လည် ၁ နာရီကပင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ကလေးတွေက နားကပ်ဝတ်ထားတော့ မုန့်ဝယ်ကျွေးမယ်ဆို လိမ်ခေါ်သွားတယ်။ နားကပ်ချွတ်ယူတာပေါ့။ နားကပ်ကလည်း အတု။ အခုအချုပ်ခန်းထဲမှာ ထည့်ထားတယ်။ တရားခံက သူကိုယ်တိုင်းလည်း ဝန်ခံတယ်" ဟု ရဲစခန်း တာဝန်မှူးက ပြောသည်။

လိမ်လည်ခေါ်ဆောင်သူ မသန္တာကို လှိုင်ယာယာ မြို့နယ် ရဲစခန်းက (ပ) ၁၉၁၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၅၉ (အရွယ်မရောက်သေးသူ ထံမှ ခြိမ်းခြောက်လိမ်လည်ယူမှု) ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်။

No comments: