Friday, January 23, 2015

မွေးကင်းစ ကလေးအလောင်းကို စွန့်ပစ်ခဲ့သည့် အမျိုးသမီး သုံးဦးကို အရေးယူ

ကျော်စိုးမိုး

ရွှေပေါက္ကံမြို့နယ်တွင် ဇန်နဝါရီ ၁၅ ရက်၊ ည ၈ နာရီခွဲခန့်က မွေးကင်းစကလေးငယ်တစ်ဦး၏ အလောင်းကို ပူးပေါင်းစွန့်ပစ်ခဲ့သည့် အမျိုးသမီးသုံးဦးကို အမှုဖွင့် အရေးယူခံရထားသည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရွှေပေါက္ကံမြို့နယ်၊ (၁၂) ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၃ နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏ကိုယ်ဝန်ကို အရပ်လက်သည်နှင့် ဖျက်ခဲ့ပြီး ထိုဖျက်ချထားသည့် မွေးကင်းစ ယောက်ျားလေး၏ အလောင်းကို (၁၂) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ပြီး အိမ်သာတွင်းထဲသို့ စွန့်ပစ်ခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ မိခင်၊ အရပ်လက်သည်နှင့် စွန့်ပစ်ခဲ့သည့် အမျိုးသမီးတို့ကို ရွှေပေါက္ကံနယ်မြေ ရဲစခန်းက (ပ) ၁၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၁၈/၃၁၂/၁၁၄ ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: