Sunday, January 4, 2015

ရခိုင်တွင် ရပ်ကျေးအဆင့်မဲစာရင်းပြုစုမှုများ စတင်လုပ်ဆောင်

ကေဇူး

ရခိုင်ပြည်နယ် တွင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရေးအတွက် ရပ်ကျေးအဆင့် မဲစာရင်းပြုစုမှုများကို စတင်လုပ်ဆောင်နေပြီဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသူရိန်ထွဋ်က ပြောသည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက် အတိအကျမလာသေးဘူး။ ကြိုပြင်ထားတာပါ” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၀ ခုနှစ်က မဲရုံပေါင်း ၂၈၀၀ ကျော်ရှိခဲ့ပြီး မဲပေးခွင့်ရရှိသူ ၁၇ သိန်းကျော်ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကော်ကပွဲကော်မရှင် အဖွဲ့ဝင် ဦးသောင်းလှိုင်က “ရခိုင်ပြည်နယ်နဲ့ တည်ငြိမ်းရေးအရ မဲစာရင်းပြုစုတဲ့နေရာမှာ စတုတ္ထအဆင့်မှာထားတယ်၊ နောက်ဆုံးမှ ပြုစုမယ်” ဟု ဆိုသည်။

၂၀၁၀ ခုနှစ်က ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်တွင် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ဘူးသီးတောင် မြို့နယ်တို့တွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီး ကျန်မြို့များတွင် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ RNDPက အနိုင်ရခဲ့သည်။

ရခိုင်ပြည်နယ်ရှိ အစိုးရ ဝန်ထမ်းများသည် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ခဲ့သည်။

No comments: