နန်းမြင့်
ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၏ နာရီစင်အလံတွင် နိုင်ငံတော်အလံအား လွတ်လပ်ရေးခတ်က အသုံးပြုခဲ့သည့် ဒေါင်းတံဆိပ်ပါသည့် သုံးရောင်ခြယ် အလံဖြင့် ၂၀၁၅ခုနှစ် ဇန်နဝါရီ ၁ရက်တွင် လဲလှယ်ထားသူအား အရေးယူရန် တိုင်ကြားထားသည်ဟု ဆိုသည်။
ဥပေဒအရ အရေးယူရန် ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူးရုံး စီမံ/ထောက်ပံ့ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းရွှေမြင့်က ဇန်န၀ါရီ ၁ တွင် ကျောက်တံတားရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အလံပြောင်းလဲသွားခြင်းနှင့်ပတ်
သက်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှ တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “၁၉၈၈ ခုနှစ်က ကြို့ပင်ကောက်မြို့နယ်၊ သမ၀ါယမဦးစီးမှူးရုံးတွင် မဆလအလံကို မလွှင့်ဘဲနဲ့ ကြယ်ငါးပွင့်အလံလွှင့်ခဲ့လို့ အဲဒီရုံးက အလံထူတဲ့ ညစောင့်ကို ထောင်ချတယ်။ သူတို့မှားပြီး လွှင့်တယ်ဆိုပြီး လွှဲချတယ်။ တိုင်တာက စစ်မှုထမ်းဟောင်းအဖွဲ့က တိုင်တာ။ အဲ့ဒီတုန်းက ဦးစီးမှူး၊ ရုံးအဖွဲ့၊ ညစောင့်အားလုံးကို ဖမ်းသွားပြီး ညစောင့်ကို ထောင်ချလိုက်တယ်။ သူတို့ အဲဒီလိုပဲ ဝန်ထမ်းလွှဲချမှာပေါ့။ တိုင်းပြည်ရဲ့အတိတ်နမိတ်ဖြစ်တယ်လို့ပဲ သတ်မှတ်ရမယ်” ဟု ပြောသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က “ မှားတင်တာဖြစ်ပါလိမ့်မယ်။ နိုင်ငံတော် အလံမဟုတ်ဘဲ တစ်ခြားအလံဖြစ်နေတာ ဥပဒေအရပြောရမှာပေါ့။ တိုင်းတရားလွှတ်တော်ချုပ် ဖြစ်ပြီး မှားတာတော့ မဖြစ်သင့်ဘူး။ အလံဥပဒေအရ အရေးယူရမှာပေါ့။ ရန်ကုန်တရား လွှတ်တော်ရုံးရဲ့ ညွှန်ကြားရေးမှူးမှာ တာဝန်ရှိတယ်”ဟု ပြောသည်။
ဇန်န၀ါရီ ၁ ရက်က နေ့လည် ၁ နာရီတွင် မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သည့် လက်ပံတောင်းတောင်၌ အသက်ပေးသွားခဲ့သော ဒေါ်ခင်ဝင်းအား ဂုဏ်ပြုဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေစဉ် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကျောင်းသားဟောင်း ဘိုးတော်ခင်ဝင်းက ဗိုလ်အောင်ကျော်တမ်းခြင်း(သို့မဟုတ်) ဒီဇင်ဘာတမ်းခြင်း ကဗျာရွက်ဆိုအပြီးတွင် ဘိုးတော်ခင်ဝင်းက စတင်တွေ့ရှိရာမှ ဆန္ဒပြသူများနှင့် ပတ်ဝန်းကျင်မှ ပြည်သူများကပါ တွေ့မြင်လိုက်ရခြင်းဖြစ်သည်။
“ဟိုမှာ သုံးရောင်ခြယ်အလံကြီး အလေးပြုပါတယ်။ တရားလွှတ်တော်ထိပ်မှာ သုံးရောင်ခြယ် အလံကြီးရှိပါတယ် အလေးပြုပါတယ်”ဟု လက်ညိုထိုးပြရာမှ ထိုသို့ သုံးရောက်ခြယ်အလံလွှင့်ထူ နေသည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ သုံးရောင်ခြယ်အလံလွှင့်ထူနေရာမှ ထိုနေ့ နေ့လည်နှစ်နာရီခွဲခန့်တွင် ယင်းသုံးရောင် ခြယ်ကဒေါင်းအလံကို ရန်ကုန်တရားလွှတ်တော်ရုံးသူများက ပြန်ချခဲ့သည်။
ဘိုးတော်ခင်ဝင်း “ငါက အခမ်းအနားလုပ်မှ တွေ့တာ။ အစိုးရအဖွဲ့အစည်းက တစ်ယောက်ယောက်ကများ နိုင်ငံတော်အလံနဲ့ မှားပြီးတော့ ရောထွေပြီး တင်လိုက်တာလား။ ဒီနေ့ ၁ ရက်နေ့မှာ ထူးထူးခြားခြား၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးကာလတွေမှာ အမျိုးသားစိတ်ဓာတ်နိုး ကြားလာစေဖို့အတွက် တင်လိုက်သလား။ တို့က အဲ့ဒီလို ထင်တယ်” ဟု ပြောသည်။
အဆိုပါ သုံးရောင်ခြယ်ထားသည့် အလယ်တွင် ကဒေါင်းပါရှိသည့် အလံသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး။ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး ကာလတစ်လျှောက်လုံးတွင် မြန်မာများ၏ ဇာတိသွေး၊ ဇာတိမာန်ကို လှုပ်ဆော်ခဲ့သည့် အလံဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။
ထိုသို့ သုံးရောင်ခြယ်အလံ ပြောင်းလဲလွှင့်ထူနေသည့် အပေါ် ပြည်သူအများက စိတ်ဝင်တစား ကြည့်ရှုသူများနှင့် ဓာတ်ပုံရိုက်ခြင်းများဖြင့် စည်းကားခဲ့သည်။
မြန်မာနိုင်ငံ၏ ဘုရင်များလက်ထက်ကတည်းကသမိုင်းဝင် အလံများတွင်လည်း ဥဒေါင်းပုံများကို ထည့်သွင်းအသုံးပြုခဲ့သည်။ မြန်မာနိုင်ငံတွင် ဗြိတိသျှကိုလိုနီခေတ်ကလည်း အစိမ်းရောင် ဥဒေါင်းပုံကို ဆက်လက်အသုံးပြုခဲ့ပြီး ၁၉၄၃ - ၁၉၄၅ ခုနှစ်က မြန်မာနိုင်ငံ၏ ၀ါ ၊စိမ်း၊ နီ သုံးရောင်ခြယ် အလံတွင် ဥဒေါင်း ပုံပါဝင်ခဲ့သည်။ အဆိုပါ အလံသည် ၁၉၄၃ - ၁၉၄၅ ခုနှစ်က မြန်မာနိုင်ငံတွင် အသုံးပြုခဲ့သော အလံဖြစ်သည်။
No comments:
Post a Comment