ကျော်စိုးမိုး
အင်းစိန်ထောင်အတွင်းသို့ ဆေးခြောက်များကို စအိုထဲထည့်ပြီး သယ်ဆောင်လာသူနှစ်ဦးနှင့် ၎င်းတို့ကိုစေခိုင်း၊ ရောင်းချသူများကို ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီ ၁၄ ရက်၊ ညနေ ၅ နာရီခွဲ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ တောင်ပိုင်းခရိုင် တရားရုံးတွင် မူးယစ်ပုဒ်မဖြင့် စစ်ဆေးခံနေရသည့် အသက် ၁၉ နှစ်အရွယ် ကိုထွန်းအောင်ဇော်ကို စစ်ဆေးရာ ၎င်း၏ စအိုအတွင်းမှ ကြွပ်ကြွပ်အိတ်အပိုင်းဖြင့် ထုပ်ပိုးထားသည့် ဆေးခြောက်ဟု ယူဆရသည့် အရိုး၊ အရွက်၊ အစေ့ခြောက်ရော ၃ ဒသမ ၄ ဂရမ် သိမ်းဆည်းရမိခဲ့သည်။
ကိုထွန်းအောင်ဇော်ကို စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းကိုဆေးခြောက်များ သယ်ဆောင်ခိုင်းသူမှာ အင်းစိန်ထောင်အတွင်းမှ အချုပ်ကျခံနေရသူကို အောင်မျိုးထိုက်ဖြစ်ပြီး ဆေးခြောက်များရောင်းချပေးခဲ့သူမှာ ကျင်ထွေးနှင့်အောင်ကိုမြတ်တို့နှစ်ဦး ဖြစ်သည်ကို စစ်ဆေးသိရှိခဲ့ရသည်ဟု ရဲမှတ်တမ်းများ တွင်ဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကိုထွန်းအောင်ဇော်အပါအ၀င် လေးဦးကိုအင်းစိန်မြို့မရဲစခန်းက မူးယစ်(ပ) ၂/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment