Thursday, January 1, 2015

မြန်မာကိုယ်စားပြု အလှမယ် လဲ့ယမင်းဦး A-Star Popular Award ဆုရရှိ

ပန်းမြတ်ဇော်

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၅ ရက်မှ ၃၀ ရက် ကျင်းပပြု လုပ်ခဲ့သည့် Miss ASEAN 2014 ပြိုင်ပွဲတွင် မြန်မာ နိုင်ငံ ကိုယ်စားပြု အလှမယ် လဲ့ယမင်းဦးသည် A-Star Popular Award ရှိခဲ့သည်ဟု Style Plus H မှ National Director မလှနုထွန်းက ၎င်း၏ ဖေ့ဘွတ်စာ မျက်နှာ တွင်ရေး သားထား သည်။

“လဲ့ယမင်း ငါးယောက်ထဲပါပြီး၊ သုံးယောက်ထဲမပါတာက ရသွားတဲ့ သုံးယောက်က အရမ်းလှတယ်။ ကလေးက ငယ်သေး တယ်။A-Star Popular Awardလည်း ရတယ်။ သူ့အတွက်ကျေနပ်တယ်။ အေးချမ်း မြေ့ကဘာလို့ Top 5 မ၀င်တာလဲဆို တာ အဖြေရှာနေတုန်းပဲ။ ကိုယ့်ကိုယ်ကို မကျေနပ်ဘူး။ သူ့တာဝန်ကျေတယ်။ လှနုသင်တာ လိုလို့ပဲဖြစ်မယ်” ဟု ၎င်းကရေး သား ထားသည်။

ယင်းပြိုင်ပွဲတွင် အာဆီယံနိုင်ငံ တစ်နိုင်ငံ ချင်းစီမှ အလှမယ် နှစ်ဦးစီ ၀င်ရောက် ယှဉ်ပြိုင် ကြခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။ Miss ASEAN 2014 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံ မှအလှမယ်နှစ် ဦးဖြစ်သည့် အေးချမ်းမြေ့နှင့် လဲ့ယမင်းဦးတို့ ၀င် ရောက်ယှဉ် ပြိုင်ရာတွင် ၎င်းအလှမယ် နှစ်ဦးသည် ဆန်ခါတင် ၁၀ ဦးထိ ပါဝင် ခဲ့ပြီး အလှမယ်လဲ့ယမင်း ဦးသည် ဆန်ခါတင်ငါးဦးအထိ ထပ်မံရွေးချယ်ခံရကာ A-Star Popular Award ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု မလှနုထွန်း၏ ဖေ့စ် ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါပြိုင်ပွဲတွင် Miss ASEAN 2014 ကို ထိုင်းနိုင်ငံမှရရှိကာ 1st Runner Up ကို ဖိလစ်ပိုင်၊ 2nd Runner Up ကို ဗီယက်နမ်နိုင်ငံတို့မှ ရရှိခဲ့ ကြခြင်းဖြစ် သည်။

ယင်းပြိုင်ပွဲတွင် Miss Social Net-working Award ဆုအတွက် Miss ASEAN 2014 ၏ ဖေ့စ်ဘွတ်စာ မျက်နှာတွင် ပြိုင် ပွဲဝင်များ၏ ဓာတ်ပုံအောက်၌ Like အများဆုံးရရှိခဲ့သည့် ဖိလစ်ပိုင်နိုင်ငံမှ ယင်းဆုကိုရရှိ ခဲ့ခြင်း ဖြစ်သည်။

Miss ASEAN 2014 ပြိုင်ပွဲကို ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ အောန်ဆိုင်း၊ မာရီရာနာဂ၊ ၂၀၁၂ ခုနှစ်တွင် ခင်ရူပ၊ နှင်းယမုံဦး၊ ၂၀၁၃ ခုနှစ်တွင် ငွေနှင်းမှုံ၊ ၀မ်းသီရိဖြိုးတို့က ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြပြီး ၂၀၁၄ ခုနှစ် တွင် Miss Global Inter-national Myanmar 2014 အေးချမ်းမြေ့ နှင့် လဲ့ယမင်းဦး တို့က ၀င်ရောက် ယှဉ်ပြိုင် ကြသည်။

No comments: