Thursday, November 17, 2016

ရခိုင်ဖြစ်စဉ်များ အချိန်နှင့် တပြေးညီ ထုတ်ပြန်ရန် အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီဖွဲ့စည်း

မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် “နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ” နိုဝင်ဘာ ၁၆ရက်က ဖွဲ့စည်းလိုက်သည်။

ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်စိုးနိုင်ဦးတို့ပါဝင်ပြီး နိုင်ငံတော်သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။ အဖွဲ့ဝင်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုညွှန်ချုပ် ဒေါ်အေးအေးစိုး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးမျိုးသူစိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်တို့ဖြင့် စုစုပေါင်း ၇ဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

No comments: