သုံးပွင့်ဆိုင် ဆွေးနွေး ပွဲတွေ ပေါ်ပေါက်ဖို့ တောင်းဆို သွားမယ်လို့ မန္တလေးမှာ ဆန္ဒပြ နေတဲ့ သံဃာတော် တွေက မိန့်ကြား ပါတယ်။နိုင်ငံရေး အကျဉ်း သားလွတ် မြောက်ရေး၊ ပြည်တွင်း ငြိမ်းချမ်း ရေးနဲ့ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့် ရရေး တို့အတွက် တရားဟောနေတဲ့ ကိုယ်တော် ၅ ပါးထဲက တပါးဖြစ်တဲ့ ဦးမာဃက ဒေါ်အောင်ဆန်း စုကြည့်၊ သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်း သားကိုယ် စားလှယ်တွေ စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေး ပွဲကို အမြန် ဆောင်ရွက်စေ ချင်တယ်လို့ မိန့်ပါတယ်။
“သမ္မတ ကြီးကို တိုင်းရင်းသား ကိုယ်စား လှယ်တွေ အားလုံး ပါဝင်တဲ့၊ နိုင်ငံရေး ကိုယ် စားလှယ်တွေ အားလုံး စုပေါင်း ပြီးတော့ ဆွေးနွေးကြဖို့ အဲဒီ အတွက် အမြန် ရောက်အောင် သွားစေ ချင်တယ်။ သုံးပွင့် ဆိုင်ပေါ့၊ တိုင်းဖရိမ် (Time Frame) တွေ၊ ကန့်သတ်ချက် ရက်တွေနဲ့ … အဲဒီ အနေ အထား မျိုးတော့ ဦးဇင်းတို့ ပိုပြီးတော့ လိုလား ပါတယ်။”
ဒီသံဃာတော် ၅ ပါးဟာ မန္တလေး မဟာမြတ်မုနိဘုရားကြီးဝင်းမှာ ဒီနေ့ မနက်က နေ ညနေ ၄ နာရီအထိ ငြိမ်းချမ်းရေးတရားပွဲလုပ်ပြီး သံဃမဟာနာယက ဆရာတော်တွေ ရဲ့ မေတ္တာရပ်ခံချက်ကြောင့် မစိုးရိမ်တိုက်ကိုရွှေ့ပြီး တရားပွဲတွေ ဆက်လုပ်ဖို့ စီစဉ်နေပါ တယ်။
“ဆရာတော်တို့ စီစဉ်ပေးတာက ဦးဇင်းတို့လုပ်နေတာက တရားဝင်တာမျိုး မဟုတ်ဘူးတဲ့။ ဒါကြောင့်မို့ တရားဝင်တဲ့နည်းနဲ့ တောင်းဆိုဖို့ဆိုပြီးတော့ လုပ်ထုံးလုပ် နည်းအရ ဦးဇင်းတို့ကို ဆရာတော်တွေက လမ်းညွှန်ပေးပြီးတော့ ဦးဇင်းတို့ ပထမ ပြဌာန်း ထားတဲ့ အချက်သုံးချက်ကို တရားဝင် တောင်းဆိုထားတာဖြစ်ပါတယ်။”
ဒီမနက်က တရားပွဲကို ရဟန်းနဲ့ ပြည်သူတွေ ရာနဲ့ချီ လာရောက်နားထောင်ခဲ့ကြပြီး အစိုးရဘက်က အနှောင့်အယှက်မပေးခဲ့ပါဘူး။
မစိုးရိမ်တိုက်မှာ စာသင်သားတွေ စာမေးပွဲကာလနဲ့ တိုက်ဆိုင်နေတာကြောင့် ရှေ့ဆက်ပြီးတရားဟောရာမှာ အကန့်အသတ်တချို့ ရှိနိုင်ပေမယ့် စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်သွားမယ်လို့ ဦးမာဃက မိန့်ကြားပါတယ်။
No comments:
Post a Comment