မင်းလွင်
ရန်ကုန်တိုင်း သဃင်္န်း ကျွန်းမြို့နယ် အမျိုးသားဒီမို ကရေစီ ပါတီသစ် ဌာန ချုပ်မှာ သတင်းစာ ရှင်းလင်း ပွဲကို ဒီကနေ့ ကျင်းပ ပါတယ်။
သတင်းစာ ရှင်းလင်း ပွဲကို ရန်ကုန် အခြေစိုက် သတင်း ဌာန များက သတင်းထောက် ၃၀ ကျော် တက်ရောက် ခဲ့ပါတယ်။
သဃင်္န်းကျွန်း ဈေး မီးလောင် ခံရပြီး တဲ့နောက်ပိုင်း ဆိုင်ခန်း အသစ် တွေကို ပြန်လည် ချထား ပေးရမှာ မူလ ဆိုင်ရှင် အဟောင်း တွေကို တရားမမျှ တမှု ရှိနေတဲ့ အတွက် သတင်းစာ ရှင်းပွဲကနေ အသိပေး တာလို့လည်း အမျိုးသား ဒီမို ကရေစီ ပါတီ သစ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောပါတယ်။
“အဓိက ရည်ရွယ်ချက်ကတော့ အခုဈေးသစ်ကြီးကို နေရာချထားပေးတဲ့ အခါမှာ မူလလူဟောင်းတွေကို ကုန်ကိုအကြောင်းပြပြီးတော့မှ လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့ ကျနော်တို့ အောက်က ကားပါကင်ကို ဈေးခုံလို့သတ်မှတ်ပြီး အောက်ကိုချပေးလိုက်တဲ့အတွက် သူတို့လုံးဝမကျေနပ်တာ။ သူတို့ကတော့ သူတို့နဲ့ ပတ်သက်တာတွေ ဝယ်ထားတဲ့သူတွေ ဥပမာ သဃင်္န်းကျွန်းဈေးကြီး အဟောင်းတုန်းက ဆိုင်ခန်း (၇၀) လောက်က ပိတ်ထားတာရှိတယ်။ အဲဒီပိတ်ထားတာတွေကို အမည်အမျိုးမျိုး ခံပြီးတော့ အဲဒါတွေ အစားထိုး ဝင်လာတာရှိတယ်။”
သတင်းစာရှင်းလင်းပွဲအပြီးမှာ သဃင်္န်းကျွန်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စလှယ် ဦးသိန်းညွှန်နဲ့ သတင်းသမားတွေ သဃင်္န်းကျွန်းဈေးကို သွားရောက် ကြည့်ရှုရာ သတင်းသမားတွေ ဓာတ်ပုံရိုက်ယူမှာ ဈေးအာဏာပိုင်နဲ့ ပြဿနာတက်ခဲ့တယ်လို့လည်း ဦးကျော်က ပြောပါတယ်။
“အခုက သတင်းစာရှင်းလင်းပွဲ ပြီးတဲ့အချိန် ကျနော်တို့က ဦးသိန်းညွှန့်ဦးဆောင်ပြီးတော့မှ အဲဒီနေရာကို သွားကြည့်ဖို့ သွားကြတယ်။ မီဒီယာတွေလဲ ပါလာတယ်။ ဈေးအနေအထားကို ကြည့်ဖို့ပါ။ ကျနော်တို့ ဒီက သွားမယ်ဆိုကတည်းက ဈေးကိုပိတ်ထားလိုက်ပြီ။ အသေပိတ်လိုက်တယ်။ ကျနော်တို့ ကြည့်တဲ့အခါမှာ လူဝင်ပေါက် သံဇကာကနေ လှမ်းကြည့်ရတယ်။ အဲဒါမီဒီယာ သတင်းသမားတွေက ဓာတ်ပုံရိုက်တဲ့အခါ သူတို့မကျေမနပ်နဲ့ မချေမငံပြောတာတွေ ရင်ဆိုင်ရတယ်။”
No comments:
Post a Comment