Thursday, November 24, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆုံးဖြတ်ချက်အပေါ် (FDB) သဘောထားထုတ်ပြန်

ရိုးမ ၃

အဖွဲ့ ချုပ်၏ ဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲရေး ဆိုသည့် ရည်ရွယ် ချက်များသည် ဦးသိန်းစိန် အစိုးရ၏ လွှတ်တော် ထဲတွင် အကောင် အထည် ဖော်နိုင် လိမ့်မည် မဟုတ်ဟု မြန်မာ နိုင်ငံ ဒီမို ကရက်တစ် အင်အားစု (FDB) က သဘောထား ထုတ်ပြန် လိုက်သည်။

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က ပြီးခဲ့သည့် သောကြာ နေ့တွင် ပါတီ တရားဝင် မှတ်ပုံပြန် တင်ပြီး ရွေးကောက်ပွဲ တွင် ဝင်ရောက် အရွေးချယ် ခံမည်ဖြစ် ကြောင်း ဆုံးဖြတ်ချက် နှင့်ပတ် သက်၍ မြန်မာ နိုင်ငံ ဒီမို ကရက်တစ် အင်အားစု (FDB) က ဒီကနေ့ ထုတ်ပြန် သည့် သဘောထား ကြေညာ ချက်တွင် ဖော်ပြ လိုက်ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက် တွေအပေါ် သဘောထား ထုတ်ပြန် လိုက်ခြင်းနှင့် ပတ်သက်လို့ မြန်မာ နိုင်ငံ ဒီမို ကရက်တစ် အင်အားစု (FDB)၏ အတွင်း ရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က အခုလို ပြောသည်။


“NLD ကနေပြီး ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ရည်မှန်းချက်တွေထဲမှာ ဥပဒေစိုးမိုးရေး နောက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ၀င်မယ်လို့ စဉ်းစားထားတာလေ အဲဒါ ကျနော်တို့မြင်တာက NLD ကတော့ ဒါ တည်ရှိနေတဲ့ ဥပဒေဘောင်ထဲကနေပြီးတော့ တရားဝင်အတိုက်အခံ နိုင်ငံရေးပါတီအနေနဲ့ ဆောင်ရွက်သွားဖို့ နည်းပရိယာယ်တရပ်အနေနဲ့ ရွေးချယ်လိုက်တာ ဖြစ်တယ်၊ ဒါပေမယ့် လွှတ်တော်ထဲမှာ အကောက်အထည်ဖော်ဖို့ကတော့ အဆင်မပြေနိုင်ဘူး။ တကယ်တန်းဖြစ်သင့်တာကတော့ တန်းတူရည်တူရှိတဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နိုင်မှသာ အောင်မြင်မယ်။ အဲဒါတွေဖြစ်နိုင်ဖို့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိလွှတ်ပေးဖို့ အဲဒါတွေ ဆောင်ရွက်ဖို့လိုတယ် ဆိုတာကို ကျနော်တို့ ပြောချင်တာဖြစ်ပါတယ်” ဟုပြောသည်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် အပစ်အခတ် ရပ်စဲရေးများဆောင်ရွက်ခြင်းတို့ကို မပြုလုပ်သေးသရွေ့ ဦးသိန်းစိန်အစိုးရတွင် စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို ဖော်ဆောင်လိုသော သဘောထားရှိနေပြီဟု (FDB) က မယူဆနိုင်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်အစိုးရ တာဝန်ရှိသူများ အကြိမ်ကြိမ်တွေ့ဆုံနေခြင်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် လက်ရှိ တွေ့ဆုံနေမှုများသည် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေးလမ်းကြောင်းဖော်ဆောင်သည့် ဆွေးနွေးပွဲအဆင့်မရောက်သေးကြောင်းလည်း ဒေါက်တာနိုင်အောင်က အခုလို ထောက်ပြပြောဆိုသည်။

“ဒီနေ့ထက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာတွေရော တိုင်းရင်းသားတွေနဲ့ဆွေးနွေးတဲ့ ဟာတွေရောက ဗမာပြည်က ရှေ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဘယ်လိုသွားမလဲဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်တဲ့ ဆွေးနွေးပွဲအဆင့်တွေ မရောက်သေးဘူ၊ အဲလိုလုပ်ဖို့နေရာမှာ အဓိကကျတာကတော့ ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေးတွေကို အာမခံပေးနိုင်ဖို့ နောက်ပြီးတော့ စစ်အုပ်စုက လက်ဝါးကြီးအုပ် ဗိုလ်ကျနေတဲ့ စနစ်တွေကို ဖျက်သိမ်းပေးဖို့ လူထုရဲ့ လွတ်လပ်တဲ့သဘောထားကို အခြေခံတဲ့ ကောင်းမွန်တဲ့ အစိုးရတရပ်ကို ဖော်ဆောင်မှ ဒါတွေကို ပြုပြင်ပြောင်းလဲမှသာ ပြုပြင်ပြောင်းလဲမှု အစစ်အမှန်ဖြစ်မယ်လို့ ကျနော်တို့ ပြောချင်တာပါ” ဟုပြောသည်။

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအနေဖြင့် မြန်မာ့နိုင်ငံရေးတွင် စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးနှင့် စစ်မှန်သော ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ရေးအတွက် ပြည်သူလူထု၏ အသံကို ဖော်ထုတ်၍ ပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

No comments: