Friday, November 25, 2011

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပြန်လည်ဖွဲ့​စည်း​ခွင့်​ကို ​ကော်မရှင် လက်ခံ

မင်းလွင်

အမျိုး​သား​ ဒီမို က​ရေစီ အဖွဲ့​ ချုပ်ကို ပြန်လည်ဖွဲ့​စည်း​ခွင့်​ ပြုဖို့​ အတွက် ပြည်​ထောင်စု​ ရွေး​ကောက်ပွဲ​ ကော်မရှင်က လက်ခံ လိုက်တယ်လို့​ သိရ ပါတယ်။

ဒီက​နေ့​ မနက်ပိုင်း​ ၁၀ နာရီ ခွဲ​လောက်က ​နေပြည်​တော်မှာ ​ရောက်​နေတဲ့​ အမျိုး​သား ​ဒီမိုက​ရေစီ အဖွဲ့​ချုပ် ဗဟို အလုပ်မှု​ဆောင် အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​ တို့​က အဖွဲ့​ချုပ် ပြန်လည် ဖွဲ့​စည်း​ရေး​ အတွက် ပြည်​ထောင်စု​ ရွေး​ကောက်ပွဲ ​ကော်မရှင်ကို သွား​ရောက် ​လျှောက်တင် ရာမှာ အမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့​ချုပ် ပြန်လည် ဖွဲ့​စည်း​ရေး​ကို လက်ခံ လိုက်တယ်လို့​ အဖွဲ့​ချုပ်က တာဝန်ရှိသူ တဦး ​ဖြစ်တဲ့​ ဦး​ဟန်သာမြင့်​က ​ပြောပါတယ်။

“၁၀ နာရီခွဲက တင်လိုက်​တော့​ ဖြတ်ပိုင်း​ ရတယ်။ လက်ခံဖြတ် ပိုင်း​ရ တာ​ပေါ့​ ​ကော်မရှင်က ဆက်တယ်။ အတည်ပြု တာမဟုတ်ဘူး​ သူက ​လျှောက်လွှာကို လက်ခံ လိုက်တယ်​ ပေါ့​ဗျာ။ သူ့​ ပုံစံ​တွေ ဘာ​တွေ မှန်တယ်​ပေါ့​။ ကျ​နော်တို့​ တင်တဲ့​ ပုံစံမှန်လို့​ လက်ခံတဲ့​ သ​ဘောပါပဲ။”

အဖွဲ့​ချုပ်ကို ပြန်လည် ဖွဲ့​စည်း​ ခွင့်​ပြုပြီး​တဲ့​ ​နောက်ပိုင်း​မှ ပါတီ မှတ်ပုံ တင်ရမယ်လို့​လည်း​ ဦး​ဟန်သာမြင့်​က ​ပြောပါတယ်။

လော​လောဆယ်​တော့​ ပါတီပြန်လည်ဖွဲ့​စည်း​ခွင့်​ကို​တော့​ တိုင်း​နဲ့​ပြည်နယ်က အမျိုး​သား​ ၁၀ ဦး​နဲ့​ အမျိုး​သမီး​ ၁၁ ဦး​ စုစု​ပေါင်း​ ၂၁ ဦး​နဲ့​ တင်​လျှောက်လိုက်တာပါ။

အဲဒီ ၂၁ ဦး​ဟာ ပါတီပြန်လည် ဖွဲ့​စည်း​ရေး​အတွက်ပဲ အမည်စာရင်း​နဲ့​ ​လျှောက်ထား​တာဖြစ်ပြီး​တော့​ ​နောက်လာမယ့်​ ပါတီရဲ့​ ဖွဲ့​စည်း​ရေး​နဲ့​ မသက်ဆိုင်ဘူး​လို့​ အဲဒီ ၂၁ ဦး​မှာပါဝင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဦး​စီး​အဖွဲ့​ဝင် ကရင်ပြည်နယ်က ​ဒေါ်နန်း​ခင်​ထွေး​မြင့်​က ​ပြောပါတယ်။

လော​လောဆယ်အဖွဲ့​ချုပ်ဗဟိုမှာ​တော့​ ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ဗဟိုနဲ့​ တိုင်း​နဲ့​ပြည်နယ်အဖွဲ့​တွေကို ဖွဲ့​စည်း​သွား​မှာဖြစ်ပြီး​ ​ရွေး​ကောက်ပွဲ ​နောက်ပိုင်း​မှ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုဦး​စီး​အဖွဲ့​ကို ပြန်လည်ဖွဲ့​စည်း​သွား​မယ်လို့​ ​ဒေါ်နန်း​ခင်​ထွေး​မြင့်​က ရှင်း​ပြပါတယ်။

“​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ပြီး​မှ အခုက ​အောင်နိုင်​ရေး​ပဲ အဓိက​လေ။ ​အောင်နိုင်​ရေး​ပြီး​တော့​ ​ရွေး​ကောက်ပွဲ ဝင်လိုက်မယ်။ ​ရွေး​ကောက်ပွဲပြီး​မှပဲ ကျမတို့​က မူလရှိထား​တဲ့​ အ​ဟောင်း​အတိုင်း​ပဲ ​နေမယ်။ အရင်အ​ဟောင်း​အတိုင်း​ပဲ။ စီအီး​စီလည်း​ အရင်အ​ဟောင်း​ အတိုင်း​ပဲ စီစီ​တွေလည်း​ အရင်အ​ဟောင်း​ အတိုင်း​ပဲ ရှိ​နေတယ်​ပေါ့​နော်။ မြို့​နယ်စည်း​တွေ၊​ ပြည်နယ်စည်း​တွေလည်း​ အရင်အ​ဟောင်း​အတိုင်း​ပဲ။ ဘာမှ တိုး​တာ ​လျှော့​တာ အသစ်​တွေ လက်မခံနဲ့​ဦး​။ ​ရွေး​ကောက်ပွဲ ပြီး​တဲ့​အခါကျမှ ကျမတို့​က ကိုယ့်​မြို့​နယ်​တွေမှာ ပြန်ပြီး​တော့​စ။ အခု ပါတီဝင်​တွေ​တော့​ လက်ခံ​ပေါ့​။ ပါတီဝင်လက်ခံဆိုတာလည်း​ ​လျှောက်လွှာ​တွေက ရုံး​ချုပ်က ပို့​မှာ။ ရုံး​ချုပ်က ပို့​တာကိုပဲ ​စောင့်​ရမှာ လကုန်​လောက်မှ ရမှာ။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပါတီပြန်လည်ဖွဲ့​စည်း​ခွင့်​ကို ​လျှောက်ထား​ပြီး​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်ဖို့​ ပြင်ဆင်​နေ​ပေမယ့်​ ပြည်သူလွှတ်​တော် ဥက္ကဌ ဦး​သူရ​ရွှေမန်း​က​တော့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လာမယ့်​ ၃လအတွင်း​ ကျင်း​ပနိုင်မှာ မဟုတ်ဘူး​လို့​လည်း​ ဒီက​နေ့​ ​နေပြည်​တော်မှာ သတင်း​ထောက်​တွေကို သီး​ခြား​တွေ့​ဆုံစဉ်မှာ ​ပြောကြား​လိုက်တယ်လို့​ သိရပါတယ်။

No comments: