
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် မူစယ် ၁၀၅ မိုင်လမ်းကြောင်းမှ တဆင့် ပြည်တွင်းသို့ တရားမဝင် သယ်ယူ နေသော ကယ် ရီဆိုင် ကယ် များသည် မူစယ်မြို့ဈေးအတွင်း စည်းကမ်းမဲ့မောင်းနှင်နေပြီး ယာဉ်တိုက်မှုမကြာ ခဏ ဖြစ်ပွားနေသော်လည်း အာဏာပိုင်များက အရေး မယူသဖြင့် မြို့ခံများ မကျေမနပ်ဖြစ်နေကြောင်း သိရသည် ။
အဆိုပါ ကယ်ရီဆိုင်ကယ်ပေါ်တွင် အထုတ်ကြီး၊အထုတ်ငယ်များ သယ်ဆောင်လာသဖြင့် လူများ လမ်းဘေး ဈေးဆိုင်များ နှင့် ချိတ်မိပြီး ခိုက်ရန်ဖြစ်ပွားမှုများလည်း ရှိသည်ဟု မူစယ်ဒေသခံတစ်ဦးက ဆိုသည် ။
“ဆိုင်က ထီးနဲ့ချိတ်သွားတာတို့ ဈေးခုံတွေငြိနေတာတို့ အမြဲတမ်းဖြစ်တယ် ယာဉ်တိုက်မှုလည်း နေ့တိုင်း ဖြစ်တယ် ဖြစ် တာနဲ့ စကားများရန်ဖြစ်ကြတယ်ဗျာ သက်ဆိုင်ရာ ကညန ၊ မထသ ၊ ယာဉ်ထိန်းရဲတွေက ဒါကို အရေးမယူဘူး တကယ်ဆိုရင် ကယ်ရီ ဆိုင်ကယ်တွေကို မြို့တွင်းလမ်းတွေမှာ မမောင်းခိုင်းသင့်ဘူးဗျ ” ဟု သူက ဆိုသည် ။
နောက်ထပ်မြို့ခံ တစ်ဦးက “ဒီကောင်တွေလာပြီဆိုရင် မောင်းလာတဲ့ ကားကိုလမ်းဘေးချထားမှ သူတို့နဲ့ တိုက်မိမလို ဖြစ် တယ်ဆို အုပ်စုလိုက် ၀ိုင်းရိုက်တာမျိုးတွေလုပ်တယ် မောင်းတဲ့ အရှိန်ကလည်းတိုက်မိတာ နဲ့အသေပဲ ” ဟု ဆိုသည်။
တရုတ်ဘက်ခြမ်း ကျယ်ဂေါင်မြို့၌ ၎င်းဆိုင်ကယ်များ ၀ယ်ယူပြီး တရားမဝင် ရှောင်ကွင်းလမ်းများမှ တဆင့် ပြည်တွင်းသို့ မောင်းနှင်ခြင်းဖြစ်ပြီး ၎င်းဆိုင်ကယ်ဝယ်ယူရန် ငွေကို ဒေသခံရဲများက အရင်းအနှီး ထုတ်ပေး ကြောင်း သိရသည် ။
No comments:
Post a Comment