ရခိုင်သွီး
မြန်မာနိုင်ငံအနှံ့ ဗုဒ္ဓဘာသာ ဖြစ်လာရခြင်း၊ ယခုလက်ရှိအသုံးပြုနေသော မြန်မာစာပေ သည် ရခိုင်မှ အစ ပြုခဲ့ပြီး တဖြည်း ဖြည်း မြန်မာနိုင်ငံနေရာအနှံ့တွင် ပြန့်ပွားခဲ့သည်ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ဂျပန်နိုင်ငံ နာရီတာလေဆိပ် မှာ ပြောကြားသွား ခဲ့ သည်ကို သိရသည်။
" ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရောက်တာဟာ ပထမဆုံးရခိုင်ပြည်ကို ရောက်တာ ပါ။ ရခိုင် ကနေပြီးမှ သာသနာဟာ မြန်မာနိုင်ငံကို တဆင့်ဆင့် ပြန့်ပွားလာတာပါ။ ဦးဇင်းတို့က သမိုင်းကို ညာလို့မရဘူး။ ညာချင်လို့လည်း မရဘူး။ သီဟိုကျွန်းကို သာသနာရောက် လာတယ်။ သီဟိုနဲ့ ရခိုင်ဟာ တစ်ချိန်က ကူးသန်းရောင်းဝယ်မှု စီးပွားရေးအရ ဆက်နွယ် မှုရှိခဲ့ကြတယ်။ ရခိုင်ပြည်ရဲ့ မြောက်ဦးမြို့ဟာ ကမ္ဘာ့ ကုန်သွယ်ရေးမြို့တော်ဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန် ကတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သာသ နာစ ရောက်ခဲ့ ပါတယ်။ အခု လက်ရှိသုံးနေတဲ့ မြန်မာစာပေဟာလည်း ရခိုင်စာဖြစ်တယ်။ ရခိုင်စာကို အခြေခံပြီး မြန်မာ စာပြောင်းလိုက် တာဖြစ်ပါတယ်။ သမိုင်းကို ညာလို့မရဘူး။ ဒါကြောင့်ရခိုင်တိုင်းရင်းသား တွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာ တစ်နိုင်ငံ လုံးမှာတာဝန် ရှိတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေသာမက မြန်မာတစ်မျိုးသားလုံးမှာ တာဝန်ရှိတယ်။ ရခိုင်လူမျိုးကို ကာ ကွယ်တာဟာလည်း မြန်မာ တစ်မျိုးသားလုံးကို ကာကွယ်တာနဲ့ အတူတူပါပဲ။ " ဟု ဒယ် အိုးဆရာတော် ဥူးသုမင်္ဂလက ပြောသည်။
ရခိုင်ပြည်တွင်းဖြစ်ပွားခဲ့သော ပြဿနာများမှာ လူမျိုးရေးအရလည်းမဟုတ်၊ ဘာသာရေး အရလည်းမဟုတ်ဘဲ နယ်စပ်စည်းလုံခြုံမှု မရှိ ခြင်း ကြောင့် တစ်ဖက်နိုင်ငံက ကျူးကျော်လာသော လူအုပ်စုတစ်ခုကြောင့်သာ ဖြစ်သည် ဟု ဆရာတော် ဥူးသုမင်္ဂလက ဆက်လက်ပြီး သုံး သပ် ထားသည်။
ယခုလူအများသိနေကြသော ရခိုင်ပြည်နယ်မှာ တချိန်က ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အချုပ်အချာ အဏာဖြင့် အုပ်ချုပ် လာသော တိုင်းပြည် နိုင်ငံတစ်ခုဖြစ်ကြောင်းနှင့် ဆန်ရေစပါးများ ပေါကြွယ်ဝ၍ ချမ်းသာဝဖြိုးသော နိုင်ငံတစ်ခုဖြစ်ပြီး၊ ဗမာ ဘုရင်ဘိုးတော်မောင်ဝိုင်း၏ မတရား ကျူးကျော် တိုက်ခိုက်ခြင်းကြောင့် အေဒီ ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရခိုင့်အ ချုပ် အချာအာဏာကျဆုံးခဲ့သည် သိရ သည်။
No comments:
Post a Comment