Sunday, August 26, 2012

ဒု-ကင်းချောင်းကျေးရွာအနီးတွင် ရခိုင်တိုင်းရင်းသားတစ်ဦးအလောင်းအား ကင်း လှည့်တပ်သားတစ်ဦးတွေ့ရှိ

ဒေါင်းမြရင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ကင်းချောင်းကျေးရွာအုပ်စု၊ဒု-ကင်း ချောင်းကျေးရွာအနီး ဥယျာဉ်ခြံတစ်ခုတွင် အလောင်းတစ် လောင်း အား လုံခြုံရေးချထားသော ခလရ(၂၃၃)မှ တပ်သားတစ်ဦး ကင်းလှည့်စဉ် သြဂုတ်လ (၂၄)ရက်နေ့ ညနေ(၅)နာရီတွင် တွေ့ရှိခဲ့ကြောင်း သတင်းရ ရှိသည်။

အလောင်းမှာ ဦးထွန်းရွှေလှိုင် အသက်(၄၀)နှစ် (ဘ)ဦးလှအောင်ဖြစ်ပြီး ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီးကျောင်းအနီး အမှတ်(၅)ရပ် ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဘူးသီတောင်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

" ဦးကျော်လှိုင်က ဘူးသီးတောင်မှာနေတာ၊ သူက သူ့မိဘပိုင် ဒု-ကင်း ချောင်းကျေးရွာအနီး နှစ်ဖာ လုံခန့်အကွာမှာရှိတဲ့ ဥယျာဉ်ခြံကို လုပ်ကိုင် စားသောက်နေတာ၊ အလောင်းမှာက ဦးခေါင်းထက်ခြမ်းကွဲ ဓါးဒဏ်ရာ တစ်ချက်၊ ညာဘက် လက်မောင်းအောက်မှ ၀မ်းဗိုက်ထိ ထက်ခြမ်းကွဲ ဓါးဒဏ် ရာ တစ်ချက်၊ ၀ဲဘက်လက်မောင်း ဓါးဒဏ်ရာတစ်ချက်၊ ကျောကုန်းတွင် ဓါးဒက်ရာတစ်ချက်၊ လက်ဝဲဘက်ပေါင် ဓါးဒဏ်ရာတစ်ချက်၊ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ဒဏ်ရာ မြောက်များစွာဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတာ တွေ့ရတယ်။ " ဟု အဆိုပါဒေသခံက ပြောသည်။

အဆိုပါအလောင်းအား (၂၅-၈-၂၀၁၂)ရက်နေ့ နံနက်တွင် ဘူးသီးတောင်ဆေးရုံသို့ သယ်ယူစစ်ဆေးခဲ့ပြီး မွန်းလွဲ(၁)နာရီတွင် သေဆုံး သူ၏ မိ သားစုဝင်များနှင့် မြို့သူမြို့သားများက လိုက်ပါ သင်္ဂြိုလ်ခဲ့ကြကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာအုပ်စုတွင် ကင်းချောင်း၊ ဒု-ကင်းချောင်း၊ သဘောက် ချောင်း၊ လက်ပံကိုင်း၊ အာကာပျံ စသော ကျေးရွာငါးရွာတွင် လုံခြုံရေးအတွက် ခလရ (၂၃၃)မှ တပ်သားအင်အား (၈)ယာက် တာဝန်ယူလျှက်ရှိပြီး အမှုမှန်ပေါ်အောင် ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင်း ဒု-ကင်းချောင်းကျေးရွာနေ ဒေသခံဒိုင်းနက် တိုင်းရင်းသားများမှာ အသက်အန္တရာယ်အတွက် လုံခြုံရေးစိတ်ချရ သည့် အခြေအနေမရှိသောကြောင့် နီးစပ်ရာလုံခြုံသောနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ရခိုင်ပြည်အနှံ့တွင် ဘင်္ဂလီကုလားများ၏ ငြိမ်းခြောက်သတ်ဖြတ်နေမှုကြောင်း ဒေသခံ တိုင်းရင်းသားများမှာ မိမိတို့၏ နေ့စဉ်ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မလုပ်ကိုင်နိုင်ကြသဖြင့် စားဝတ်နေရေးအတွက် အလွန်အခက်အခဲရောက်လျှက်ရှိသည်။

ရခိုင်ဒေသတွင် အေးအေးချမ်းချမ်း ပြန်လည်တည်ငြိမ်နေပြီဟု အစိုးရအဏာပိုင်များမှ ထုတ်ပြန်ကြေငြာထားသော်လည်း ရခိုင်လူမျိုးများမှာ လူများစု ဘင်္ဂလီကုလားများ၏ သတ်ဖြတ် ခြိမ်းခြောက်မှုများကို ခံနေရဆဲဖြစ်ကြောင်းသိရသည်။



No comments: