Tuesday, August 28, 2012

ရခိုင်အရေးအခင်းကြောင့် ပြည်တွင်းရေကြောင်းလိုင်းတွင် ခရီးသည်များ လျှော့နည်း သွားသော်လည်း ကုန်စည်များ ပုံမှန်တင်ပို့နေရ

ဇင်ကီး

ရခိုင်ပြည်နယ်တွင် ဇွန်လက ဆူပူအကြမ်းဖက်မှုကြောင့် ပြည်တွင်းရေ ကြောင်းလိုင်းကို ရပ်တန့်ထားရသော်လည်း ပြန်လည်စတင်ပြေး ဆွဲရာ လက်ရှိအခြေအနေထိ ခရီးသွားများလျှော့နည်းသွားသော်လည်း ကုန် စည်များ ပုံမှန်တင်ပို့နေရကြောင်း သိရသည်။

" အရေးအခင်း ဖြစ်ပေါ်တော့ ပြည်တွင်းရေကြောင်းလိုင်းတွေကို ရပ်ထား ရတယ်၊ စတင်ပြေးဆွဲ တော့ခရီးသည်တွေကတော့အသွားအလာနည်း သွားတယ်၊ ကုန်ကတော့ ပုံမှန်ရနေတုန်းပဲ။ အရေးအခင်းမတိုင်ခင်က ဆိုရင် ခရီးတစ် ခေါက် ပျမ်းမျှဝင်ငွေဟာ ပြီးခဲ့တဲ့ဘဏ္ဍာရေး နှစ်ကထက် ၃ သိန်း လောက် တိုးလာတာ။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်သင်္ဘော တစ်စီး ခရီးတစ်ခေါက်ကို ၁၄ သိန်းကျော်ရတယ်။ အရေးအခင်း မတိုင် မီက ၁၇ သိန်းအထိတိုးလာတာ။ " ဟု တာဝန်ရှိသူက ပြော သည်။

အရင်ကဆိုရင် လက်မှတ်တစ်စောင်ရဖို့အရေး ဘုရားဆုပန်ရသလိုပဲ၊ မ နက်အာရုံတက်ကထဲက တန်းစီရတယ်။ လက်မှတ်မရလို့ပြန်လာရတဲ့အခါ လည်းရှိတယ်။ အခုတော့ အဲလိုမဟုတ်တော့ဘူး။ သင်္ဘောပေါ်မှာ ဗွီဒီယိုတောင် ပါသေး တယ်။ " ဟု ဘူးသီးတောင်မှ ပြန်လာသူ ခရီးသည် တစ်ဦးက ပြောသည်။

ပုဂ္ဂလိကလုပ်ငန်းတချို့ ပြည်တွင်းရေကြောင်းလိုင်းနှင့်အပြိုင် ပုံမှန်ကုန်စည်ပို့ခနှုန်းထားထက် လျှော့ယူလျှက်ရှိပြီး သင်္ဘောကုန်ပစ္စည်းများ လုံ ခြုံစိတ်ချရမှုရှိရန် ပုံမှန်တင်ပို့နေကျ စစ်တွေဈေးအနီးမှာ ကုန်လက်ခံ စခန်းဖွင့်လှစ်ကာ ကုန်စည်များကို အလွယ်တကူတင်ပို့နိုင် အောင် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

" ကယ်ဆယ်ရေးကာလ၊ ပြန်လည်ထူထောင်ရေးကာလမှာထောက်ပံ့ရေးပစ္စည်းတွေကိုဦးစားပေး အနေနဲ့ကျနော်တို့ ဆောင်ရွက်ပေးနေတယ်။ ဒီအနေအထားမှာ လုပ်ငန်းတွေအားလုံး အနည်းနဲ့အများ ထိခိုက်ကြရတာပေါ့ဗျာ။ ကျနော် တို့ဌာနက ၀င်ငွေအပေါ်မှာပဲ ရပ်တည်နေရတယ် ဆို တော့ ခရီးသွားပြည်သူတွေကို ပိုပြီးတော့ စိတ်ချမ်းသာမှုပေးနိုင်ဖို့ လိုတာပေါ့။ " ဟု ပြည်တွင်းရေကြောင်း ၀န်ထမ်းတစ်ဦးက ပြောသည်။

ပြည်တွင်းရေကြောင်းလိုင်းတွင်စစ်တွေ-ဘူးသီးတောင်၊စစ်တွေ-မြောက်ဦး၊ စစ်တွေ-တောင်ကုတ်ခရီးစဉ်သုံးခုကိုသင်္ဘော၁၆စီးနှင့် ကုန်စည် ရေယာဉ်(Cargo)နှစ်စီး ပြေးဆွဲလျက်ရှိရာ၊ ယမန်နှစ်က နဂါးမင်းကုန်ပို့လုပ်ငန်း၊ ဓညထွန်းကုန်ပို့လုပ်ငန်း၊ ဦးကျောက်တောင် ကုန်ပို့လုပ်ငန်းတို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ယခုနှစ်တွင် ဌာနက ပြန်လည်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

No comments: