Wednesday, August 29, 2012

စိုင်းနော်ခမ်း၏ လက်ထောက်အား တရုတ်နိုင်ငံသို့ ခေတ္တလွှဲ ပြောင်းပေးအပ်

ကော့လီ

မဲခေါင်မြစ်အတွင်း ဖြစ်ပွားခဲ့သော တရုတ်သင်္ဘောသားတွေ အသတ်ခံတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး စစ်ဆေးရန်အတွက်စိုင်းနော်ခမ်းရဲ့လက် ထောက်ဖြစ်သူကျိုင်း တုံ အကျဉ်း ထောင်မှာ ချုပ်နှောင်ထားတဲ့ စိုင်းအောင်မြတ် ကို ဩဂုတ်လ ၂၈ ရက်နေ့က တရုတ်နိုင်ငံသို့ ခေတ္တလွှဲ ပြောင်းပေးအပ်လိုက်တယ်လို့ အစိုးရပိုင် မြန်မာ့အလင်း သတင်းစားမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အစိုးရဆီမှာ ပြီးခဲ့တဲ့ မေလတုန်းက လက်နက်ချခဲ့တဲ့ စိုင်းအောင် မြတ် ကို လွှဲပြောင်းပေးအပ်ဖို့ တရုတ်နိုင်ငံက တောင်းဆိုခဲ့ ပေမယ့် မြန်မာနိုင် ငံသား တစ်ဦးဖြစ်တဲ့အတွက် လွှဲပြောင်းပေးအပ်ခဲ့ခြင်း မပြုခဲ့ဘဲ အခုချိန်ကျမှ တရုတ်နိုင်ငံက စိုင်းနော်ခမ်း ကို တရားစီ ရင် ရာမှာ အထောက်အကူ ပြုနိုင်ရန် အတွက် အခုလို ခေတ္တလွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။

စိုင်းနော်ခမ်းရဲ့ လက်ထောက်ဖြစ်သူ စိုင်းအောင်မြတ် (ခ) ခမ်းဟုန်အားမြန်မာ နိုင်ငံ အစိုးရက ပြည် တွင်း ဥပဒေတစ်ရပ်အရ တရားစီရင်ရန် ကျိုင်းတုံ အကျဉ်းထောင်မှာ ချုပ်နှောင်ထားရာကနေ ဩဂုတ်လ ၂၈ ရက် နံနက် ၄ နာရီအချိန်မှာ ရှမ်းပြည်နယ် ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး (ကျိုင်းတုံ) ဒုတိယရဲမှူးကြီး ကျော်ထွန်းနဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာ နမူးယစ် ဆေးဝါး တိုက်ဖျက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လျိုယွဲ့ကျင်း တို့က ကျိုင်းတုံမှာပဲ လွှဲပြောင်းလက်ခံ ခဲ့ကြတယ်လို့ သိရပါ တယ်။

စိုင်းအောင်မြတ် (ခ) ခမ်းဟုန် ဟာ မြန်မာနိုင်ငံသားဖြစ်တယ်လို့ မြန်မာ့အလင်း သတင်းစာမှာရေးသားထားပြီးမြန်မာနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ ကိစ္စ များ၌ နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေ အခန်း(၆) ပုဒ် ၂၈ အရ တရုတ်နိုင်ငံသို့ ခေတ္တလွှဲပြောင်း ပေးအပ်ခြင်းသာဖြစ်ပြီး အမှုစီရင် ပြီးလျှင်ပြီးချင်း ပြန်လည်လွှဲပြောင်းပေးအပ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၁၁ အောက်တိုဘာ ၅ ရက်နေ့မှာ မဲခေါင်မြစ်အတွင်း ထိုင်းနိုင်ငံ ရေပိုင်နက်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုမှာ အ ဓိက ပြစ်မှုကျူးလွန်သူ တရားခံ စိုင်းနော်ခမ်း အား ၂၀၁၂ ဧပြီ ၂၅ ရက်မှာ လာအိုနိုင်ငံအ တွင်း ဖမ်းဆီးရမိခဲ့ပြီး လာအိုနိုင်ငံက ၂၀၁၂ မေ ၁၀ ရက်နေ့မှာ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

No comments: