Wednesday, August 29, 2012

နိုင်ငံသား စိစစ်ရေး ကဒ်များ ထိုင်းဘတ်ငွေဖြင့် တရားမ၀င် ထုတ်ပေးနေ


ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လူဝင်မှုလူမျိုးရေးနှင့်ပက်သက်ပြီးအကြီးကျယ် ပြသနာ တက်နေချိန်တွင် ကော့သောင်းမြို့ ရှိ လဝက ဦးစီးမှူး စိုးမြင့် ထွန်း ဦးဆောင်တဲ့ ရုံးအဖွဲ့ များသည် မည်သည့် လူမျိုးဖြစ်စေ ကြိုက်တဲ့ လူ လာ အိမ်ထောင်စု မရှိသူဆိုလျှင်ဘတ်ငွေ(၃၅ ၀၀)၊ အိမ်ထောင်စုရှိပြီး လူဆို လျှင် ဘတ်ငွေ(၁၀၀၀) ဖြင့်ဒီနေ့ ငွေပေး မနက်ဖြန်မှတ်ပုံတင်ရအမြန်လုပ်ပေး နေပါ သည်။ ယခုဆိုလျှင် ကော့သောင်းနှင့်ရနောင်းနယ်စပ်ရှိ အိမ်ထောင်စု မရှိ သူ ပရှူးမွတ်စလင် အများအပြား အလုံးရင်းဖြင့်လုပ်နေကြပါသည်။ အခြားမြို့ များ တွင်ရှိ လူများသည်လည်း ထိုင်းနိုင်ငံသို့ အထွက်လွယ်ကူစေရန် ကော့သောင်း မှတ်ပုံတင်ကို ငွေနှင့်ဓတ်ပုံလှမ်းပို့ ၍ လုပ်နေကြပါသည်။

ယင်ကိစ္စနှင့်ပက်သက်၍ ကော့သောင်းမြို့ ရှိမည့်သူ့ ကိုမဆိုဆက်သွယ် မေး မြန်းနိုင်ပါသည်။ ဤလို နေရာမျိုးတွင် ယခုကဲ့သို့ ဝန်ထမ်း များရှိနေခြင်းမှာ တိုင်းပြည်အတွက် တကယ်ကြီးမားသော အန္တရာယ် တစ်ခု ဖြစ်ပါသောကြောင့် အချိန်မီ ကာကွယ်တားဆီးသင့်ကြောင်း နိုင်ငံတော် အကြီးကဲများအား လေးစားစွာ ပန်ကြားအပ်ပါသည်။

လေးစားစွာဖြင့်
ကော့သောင်းမြို့ ခံတစ်ဦး။

No comments: