Thursday, August 30, 2012

မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း စီးပွားဝန်ကြီးကိုယ်တိုင် လာရောက် စစ်ဆေး

သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် သျှမ်းပြည် (မြောက်ပိုင်း ) မူစယ် - မန္တလေးလမ်း ကြောင်းပေါ်ရှိ မူ စယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်သို့စီးပွားကူးသန်း ဝန်ကြီး ကိုယ်တိုင် လာရောက် စစ်ဆေးနေကြောင်း သိရသည်။

စီးပွားကူးသန်း ၀န်ကြီး ဦးဝင်းမြင့်ကိုယ်တိုင် ပါဝင်ပြီး သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းကကျန်းမာရေး ဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများနှင့် အ တူ မူစယ် ၁၀၅ မိုင်သို့ မော်တော်ယာဉ်များ ဖြင့်ရောက်ရှိလာကြောင်း ဒေသခံ မျက်မြင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကား ၇ စီးနဲ့ ညနေပိုင်း ၅ နာရီလောက်မှာ ၁၀၅ မိုင်ကိုရောက်တယ် စီးပွားကူးသန်းဝန်ကြီးပါ တယ်ကျန်းမာရေးဝန်ကြီးဋ္ဌာနကလည်း ပါ တယ် ” ဟု ၄င်းဒေသခံက ပြောသည်။

မူစယ် ၁၀၅ မိုင် ကုန်သွယ်ဇုန်တွင် စီးပွားကူးသန်းဝန်ကြီး ကိုယ်တိုင် လာရောက် စစ်ဆေးရခြင်းမှာ တရုတ် - မြန်မာ နယ်စပ် ကုန်သွယ် ရေး လမ်းကြောင်းပေါ်တွင် မြန်မာဘက်မှ ကောက်ခံရရှိသည့် ၀င်ငွေခွန်များ ကျဆင်းနေ၍ ဖြစ်ကြောင်း တရုတ်နယ်စပ်ဒေသခံ ကုန်သည် တစ် ဦးက ဆိုသည်။

“အဓိကခေါင်းစဉ်ကတော့ ကုန်သွယ်ရေးကနေရတဲ့ငွေတွေ ကျဆင်းလို့ လာရောက်စစ်ဆေးတာ ပေါ့။ စီးပွားကူးသန်းက ၀န်ကြီး ဦးဝင်းမြင့် ကိုယ် တိုင်ပါတယ်။ ဒီကနေ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာဝင်စစ် နေ တယ် ” ဟု ဆိုသည်။

ယခင်က တရုတ်နယ်စပ်မှ မြန်မာပြည် အတွင်းပိုင်းသို့ တင်သွင်းသည့် ကုန်ပစ္စည်းများ အပေါ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်၌ တင်းတင်း ကြပ် ကြပ် စစ်ဆေးမှု ရှိသော်လည်း ယခုနောက်ပိုင်း အစစ်အဆေးမရှိ လွတ်ပေးနေကြောင်း သိရသည်။

“အခုကတော့ ၂၄ နာရီလုံးလုံး လာသမျှကား အကုန်ပိုက်ဆံယူပြီးလွတ်ပေးလိုက်တာပဲ။ဘာအစစ် အဆေး မှ မရှိဘူး။ မောင်းတန်ပိတ်ထား ရင်လည်း ဖွင့်ခိုင်းပြီးသွားလို့ရတယ် ” ဟု ဆိုသည်။

၎င်းအဖွဲ့များ မရောက်ရှိခင် မူစယ်မြို့နယ် စယ်လန့်ရွာရှိ ဆေးခန်းများ ကြိုတင် သန့်ရှင်းရေးလုပ်ခိုင်း ထားကြောင်း အချိန်ကြာမြင့်စွာ ပိတ် ထားခဲ့သည့် နောင်လောင်းရွာဆေးခန်းကိုလည်းသန့်ရှင်းရေး လုပ်ကာ ပြန်လည် ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

No comments: