Monday, August 27, 2012

သျှမ်းပြည် (မြောက်ပိုင်း) ကျေးလက်လူသတ်မှု ရဲအရေးမယူ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာတွင် ယခုလ ၂၃ ရက်နေ့ ည ၁၀ နာရီခန့်က အေစိုင်း ဆိုသူ လူငယ် တစ် ဦး အသတ်ခံခဲ့ရပြီး ၄င်းအမှုအား မိုင်းဝီး ရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားသော်လည်း အရေးယူဆောင် ရွက်ပေးခြင်းမရှိကြောင်း သိ ရ သည်။

အဆိုပါ အေစိုင်းသည် တစ်ရွာတည်းနေသူ နန်းခမ်းမိုက်နှင့် ရည်ငံလျက်ရှိရာ ၄င်းနေ့ညပိုင်းက နန်းခမ်းမိုက်၏ နေအိမ်တွင်နှစ်ယောက် အတူ အိပ် နေစဉ် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မိုင်းဝီးရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အေစိုင်းက အိမ်ထောင်ရှိတယ်။ တစ်ခုလပ်မတစ်ယောက်နဲ့ သမီးရည်းစားဖြစ်နေတာပေါ့နော်။ မိန်းက လေးနဲ့သူက မိန်းကလေးအိမ်မှာ အတူ တူ အိပ်နေတုန်း ဘယ်သူသတ်လိုက်တာလည်းတော့မသိဘူး ။ ဓါး နဲ့သူ့လည်ပင်းကို ဖြတ် လိုက်တာပေါ့နော်။ အဲဒီမိန်းမကလည်း ချက်ခြင်း ဘာမှမပြောနိုင်ဘူး နည်းနည်း ကြာမှ လန့်ပြီးအော်တာ” ဟု သူက ဆိုသည်။

၎င်း လူသတ်မှုအား ရဲစခန်း၌ အမှုဖွင့်တိုင်ကြားသော်လည်း ရဲများက အမှုလက်မခံပဲ ကျေအေးရန် ဖြောင်းဖြပြောဆိုကြောင်း သူက ယခု ကဲ့သို့ ဆက်ပြောသည်။

“အသတ်ခံရပြီး မိနစ် ၂၀ လောက်မှာ သူ့မိန်းမနဲ့ အမျိုးတွေကို ခေါ်ပြီးရဲစခန်းသွားတယ်၊ သူ့အမျိုး တွေက လက်ကိုင်ဖုန်းနဲ့ရိုက်ထားတဲ့ ဓါတ်ပုံ တွေကို ရဲကသိမ်းသွားတယ်၊ အဲဒါကို ရဲက အမှုမဖွင့်ပေးဘူး၊ ရပ်ရွာထဲမှာပဲ ကျေအေးခိုင်းတာ ပေါ့၊ အဲလိုဖြစ်နေတယ်၊ အမှုကို ဖျောက် ဖျက်ဖို့ ကြိုးစားနေတာပေါ့၊ သေသွားတဲ့ အေစိုင်းရဲ့ ရက်လည်ကိစ္စ ကုန်ကျတာတွေ ရဲစခန်းက ထောက်ပံ့ပေးမယ်လို့ သူ့မိသား စုဆီကို ပြောတယ် ဆို ဘဲ” - ဟု သူက ဆိုသည်။

မိုင်းဝီးရွာ ရဲစခန်းမှူးမှာ ရဲအုပ်ကျော်မြင့်ငွေ၊ လက်ထောက်စခန်းမှူး ဒုရဲအုပ်သန်းဦးတို့ ဖြစ်ပြီး ဒုရဲအုပ်သန်းဦးမှာ အသတ်ခံရသူ အေစိုင်း၏ သ မီးရည်းစား နန်းခမ်းမိုက် မိသားစု နှင့် ပတ်သက်မှုရှိနေကြောင်း ဒေသခံများက ပြောပါသည်။

No comments: