Thursday, August 30, 2012

ပါစ်ပို့အတုကိုင်ဆောင်ထားသူများအား ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ချာဟာဇာလာလ် အပြည် အပြည်ဆိုင်ရာ လေဆိပ်တွင်ဖမ်းဆီးရမိ

ခိုင်ဥက္ကာပျံ

တရားမဝင် ပါစ်ပို့အတုကိုင်ဆောင်ထားသည့် ဘင်္ဂလီလူမျိုး မာဟ်မူးဒါအာ က့်တာရ်ပါအဝင် မိသားစုဝင် (၁၆)ဦးအား ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ချာ ဟာဇာ လာလ် အပြည်အပြည်ဆိုင်ရာ လေဆိပ်တွင် သြဂုတ်လ၂၉ရက်နေ့ကဖမ်း ဆီးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ မိသားစုသည် လွန်ခဲ့သော (၂)ရက်လောက်က တက္ကနာနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး ၊ မာဟ်မူး ဒါအာက့် တာရ် အမျိုးသားဖြစ်သူမှာလည်း လွန်ခဲ့သော (၆)ရက်လောက်ကတည်း က မလေးရှားနိုင်ငံကို ထွက်ခွါသွားကြောင်းသိရသည်။

ဖမ်းဆီးခံ မိသားစုများသည် မြန်မာနိုင်ငံမှဟု ဆိုသော်လည်း ပါ့စ်ပို့တွင် ဘ င်္ဂလားဒေ့ခ်ျ မွိုင်မမ်းရှိမ်းအရပ်ကဟုရေသား ထားကြောင်းကို သူမကိုယ် တိုင် ဝန်ခံခဲ့ကြောင်းကို သိရပြီး နောက်ထပ်ဖမ်းဆီးရမိသော သူများမှာ လည်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ အနယ်နယ်အရပ်အရပ်မှ လိပ်စာများ ပါရှိပြီး ပါစ်ပို့ (လိုင်ပင်းဖြတ်) အတုများ ကိုင်ဆောင်ထားကြကြောင်း သိရသည်။

ကျနော်တို့ဆီက ငွေတွေအများကြီး ယူပြီးတော့ မလေးရှားကို ပို့ပေးဖို့ အလုပ်ရဖို့ပြောတော့ ပွဲစား ကပြောသွားပါတယ်။ ပါစ့်ပို့ အတုအစစ် ဆို တာကို ကျနော်တို့က မသိပါဘူး။ ပွဲစား(အလုပ်သမားအကျိုးဆောင်)ပဲ လုပ်ပေးတာပါ။ " ဟု စစ်ဆေးခံ ပါ့စ်ပို့အတုကိုင်ဆောင်ထားသူ တစ် ယောက်ကပြောသည်။

ပွဲစား(အလုပ်သမားအကျိုးဆောင်)တွေမှာ အလုပ်သမားများထံမှ တာကာငွေ သိန်းဂဏန်းနှင့် ယူပြီးတော့ ပါစ့်ပို့ကို ကပ်ခွာပိုင်းဖြတ် လုပ် ပေး ကြပြီး လေယာဉ်လက်မှတ်ကို အေ့ဂျင့်တွေကတဆင့် ဝယ်ယူပေးကာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား ပွဲစား (၆) ယောက်ကိုပါ လက်ပူး လက်ကြပ် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

" ကျနော်တို့က လေယာဉ်ထွက်တဲ့အထိ ပို့ပေးရဖို့တာဝန်ရှိတဲ့အတွက် ပွဲစားတွေကတဆင့် လာပို့ပေးတာပါ။ ကျနော်တို့က ဘာမှမသိပါဘူး။ " ဟု အေ့ဂျင့်တစ်ယောက်ဖြစ်သူက ငြင်းဆိုလိုက်ကြောင်း သိရသည်။

ပါ့စ်ပို့အတုကိုင်ဆောင်လို့ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားတွေဟာ ဘင်္ဂလားဒေ့ချနိုင်ငံ၏ ရုံးသုံးစကားကို မပြောတတ်သောကြောင့် စစ် တကောင်းသား စကားနှင့်ဆင်တူ မောင်တောဘူးသီးတောင်နယ်ဖက်က ဘင်္ဂလီစကားကို မီဒီယာတွေရှေ့မှာ ပြောဆိုသွားသော် လည်း ဘင်္ဂ လာအစိုးရနှင့် မီဒီယာတီဗွီအသံလွှင့် ဌာနတွေက (ရိုဟင်ဂျာ)လို့ သုံးနှုန်းဖေါ်ပြသွားကြောင်းကို သတင်းရရှိသည်။


အခုလိုမျိုး တရားမဝင်ဘဲ ခိုးဝင်လာတဲ့(ဘင်္ဂလီ)လူတွေဟာ ပွဲစား များမှတ ဆင့် တစ်ယောက်ကို တာကာငွေ တစ်သိန်းခွဲကနေ နှစ်သိန်းထိ ပေးပြီး တော့ ပါစ့်ပို့ အတုလုပ်ပြီး မလေးရှားနဲ့ စင်္ကာပူနိုင် ငံတို့ကို ထောင်ပေါင်း များစွာထွက်ခွာသွားကြပါတယ်။ ဒီလူတွေဟာ မြန်မာအစိုးရကို ဆန့်ကျင်လို့ ဒုစရိုက်မှုတစ်ခုခုကို လုပ်လာကြာတာဖြစ် ပါတယ်။ ကျနော်တို့ ဘင်္ဂလား ဒေ့ခ်ျနိုင်ငံက ပါစ့်ပို့ကို ကိုင်ဆောင်ပြီးတော့ ရောက်တဲ့အရပ်မှာ ပြဿနာ တတ်တယ်။ နာမည်ပျက်တာက ကျနော်တို့နိုင်ငံဖြစ်သွားတယ်။ နိုင်ငံတ ကာ အလုပ်သမားတွေကြားမှာ အဆိုးဝါးဆုံး နာမည် ပျက်စရင်း တွေမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက အလုပ်သမားတွေချဲ့ပါပဲ။ " ဟု ချာဟာဇာလာလ် လေဆိပ်တာဝန်ခံ ရဲမှုကြီး အေဟိုးတေချာမှုဟောက့်က အာရ်ကန်တိုင်း မ်စ်သို့ ပြောသည်။

ပါ့စ်ပို့အတုကိုင်ဆောင်လို့ ဖမ်းဆီးလိုက်သော အလုပ်သမားတွေဆီကနိုင် ငံခြားငွေ စုစုပေါင်း(၂၃)သိန်းကျော်၊ပါ့စ်ပို့အတုနှင့် လေယာဉ် လက်မှတ် အတု များကို သိမ်းဆည်းလိုက်ပြီး ပါစ့်ပို့အတုကိုင်ဆောင်သူတွေကိုလဝက(လူဝင်မှုကြီးကြပ်ရေး)နှင့်တရားစွဲအရေးယူသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: