Monday, August 27, 2012

ဘင်္ဂလာ(၁၂)မြို့ကို စိုးစံအုပ်ချုပ်ခဲ့သော မင်းဆက် (၁၅)ဆက်မြောက် ဗိုလ်မင်းဦး အောင်ရွှေဖြူ နတ်ရွာစံသွား

မိုးဇော်

ဘင်္ဂလားဒေခ်ျနိုင်ငံ ဗိုလ်မင်းထောင် တောင်တန်းနယ်၊ ရွာတော်မြို့တွင် နေထိုင်သော ဘင်္ဂလာ(၁၂)မြို့ကိုစိုးစံအုပ်ချုပ်ခဲ့သော မင်းဆက် (၁၅)ဆက်မြောက် ဗိုလ်မင်းဦးအောင်ရွှေဖြူမှာ သြဂုတ်လ ၈ ရက်နေ့၊ နံနက် ၉နာရီ၊ ၁၅ မိနစ်တွင် နတ်ရွာစံ ကံတော်ကုန်သွားကြောင်း သိရသည်။

ကျနော်တို့ ရခိုင်ဘုရင်မင်းမြတ်ဖြစ်တဲ့ ၁၅ ဆက်မြောက် ဗိုလ်မင်း ဦးအောင်ရွှေဖြူ နတ်ရွာစံ ကံ တော်ကုန်သွားတဲ့အတွက်ရွှေတောင်ကြီး ပြို လဲသွားသလိုမျိုး ခံစားရပါတယ်။ ကျနော်တို့ အရှင်သခင်အဖြစ် အားထားရတဲ့ ဗိုလ်မင်းကြီး ၏ နောက်ဆုံး အန္တိမဈာလာယ ဂါရဝပူဇော် ပွဲဆို ရင်လည်း မမှားပါဘူး။ ကံတော်ကုန်သွားတဲ့နေ့ကနေ နောက်ဆုံး မီးသဂြိုလ်နေ့ထိရုပ်အ လောင်းကို စံအိမ်တော်မှာပဲ ထားခဲ့ပါ တယ်။ " ဟု သားတော်လတ်ဖြစ်သူ သာစိန်ဖြူ(ဇေရီ)က Arakan Times ကို ပြောသည်။

ဗိုလ်မင်း ဦးအောင်ရွှေဖြူမှာ ပါကိစ္စတန် အစိုးရလက်ထက်တွင် ၁၉၃၄ ခုနှစ်က ရဲအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ကာ၊ ၁၉၆၉တွင် စား နပ် ရိက္ခာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်တော် ၉၈ နှစ်တွင် နတ်ရွာစံသွားခဲ့ခြင်းဖြစ်ပြီး သားတော် လေးပါးနှင့် သမီးတော် သုံးပါး ကျန်ရှိခဲ့ကြောင်း သိရသည်။

ဗိုလ်မင်းဦးအောင်ရွှေဖြူ၏ ကျန်ရစ်သူ မိသားစုဝင်များက ဗိုလ်မင်းအား မင်းခမ်းမင်းနားနှင့်အညီ သြဂုတ်လ ၂၃ ရက်မှ ၂၄ ရက်နေ့ထိဝမ်း နည်းစွာပူဇော်ကျင်းပခဲ့ပြီး နောက်ဆုံးခရီးအား ဗိုလ်မင်းထောင်တစ်ခုလုံးမှ ပြည်သူလူထု ၂၀,၀၀၀ကျော်ခန့်ကလိုက်ပါပို့ဆောင်ခဲ့ကြ ကြောင်း သတင်းရရှိသည်။



" ဗိုလ်မင်းထောင်တစ်ခုလုံးဟာ ဟေဒ်မန် ကာရ်ဘာရီ(အုပ်စုအကြီးအကဲ) တွေနဲ့ ရွာပေါင်း အသီး သီးမှာနေထိုင်ကြတဲ့ မြို့ဖြစ်ပါတယ်။ ကျ နော်တို့ ရခိုင်တိုင်းရင်းသားတွေက အလှူငွေများကောက်ခံကာ မူဇာပိုင်(အုပ်စုအပိုင်စားသူ) ဟေဒ်မန် တစ်ရာကျော်က တစ်ယောက်ကို ဘင်္ဂ လာငွေ တာကာ ၁၀,၀၀၀ ကျော် လူပေါင်း ၁၅ဝ ခန့်လှူဒါန်းခဲ့ကြပါတယ်။ ပြီးတော့ က တလား(၄)လုံး၊ ဆွဲတလားကြီးတစ်လုံး၊ စံကျောင်း တစ်လုံးနဲ့ ၁၅ ရက်တိုင်တိုင် ကျွေးမွေးလှူဒါန်းပေးခဲ့ကြပါတယ်။ ၂၃ နှင့် ၂၄ ရက်နေ့မှာပဲ ညဥ့်ပွဲအဖြစ်ဇာတ်သဘင်များဖြင့်ကပြသီဆို ဖျော် ဖြေခဲ့ကြပါတယ်။ " ဟု အဆိုပါပွဲမှာ ဇာတ်အငှား လိုက်လာသော ဟေဒ် မန်ထွီးနု အောင် က ပြောသည်။

ဗိုလ်မင်း ဦးအောင်ရွှေဖြူ၏ နောက်ဆုံးမီးပူးဇော်ပွဲအခမ်းအနားကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ အစိုးရနဲ့အတူ နိုင်ငံရေးခေါင်းဆောင်များ၊ သမိုင်း ပ ညာရှင်များ၊ နိုင်ငံမော်ကွန်းဝင် ပုဂ္ဂိုလ်များ၊ တောင်းတန်းနယ် စစ်ဦးချုပ်၊ ရဲချုပ်၊ တောင်းတန်းနယ်ဆိုင်ရာမှ လွှတ်တော်ဝန်ကြီး၊ ပါလီမန် အ မတ် မြို့ဝန်များက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြကြောင်း သိရသည်။

No comments: