Wednesday, November 21, 2012

စိုင်းနော်ခမ်းအဆက် ထိုင်းအမျိုးသားတဦး၏ ပိုင်ဆိုင်မှုအားလုံး ထိုင်းအာဏာ ပိုင် သိမ်းပိုက်

သျှမ်းသံတော်ဆင့်

တရုတ်တရားရုံးမှ သေဒဏ်ချမှတ်ခံရသော ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့်နီးစပ်သူတယောက်ဟု နာမည်ရနေသူ ထိုင်းအမျိုးသားတဦး၏နေအိမ်အား ယမန်နေ့က ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကာ ပိုင်ဆိုင်မှုအားလုံး သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြပါသည်။

“ အိမ်နီးချင်းနိုင်ငံနဲ့ဆက်နွယ်နေတယ်လို့ ယူဆတဲ့ မူးယစ်ဆေးဝါးနဲ့ နာမည်ထွက် နေတဲ့သူ တွေကို ဆက်လက်စစ်ဆေး သွားမယ်။ အခု လို ရှောင်တခင်ဝင်စစ်တာကိုလဲ ခဏခဏလုပ်သွားမယ် ” ဟု ထိုင်း မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး ရဲဗိုလ်ချုပ်ကြီး ဖုံး စဖတ် ဖုံးဂျရွန်းက ပြောသည်။

စိုင်းနော်ခမ်း နှင့်နီးစပ်သူဟု နာမည်ကြီးနေသော ထိုင်းနိုင်ငံ ချင်းရိုင်းသား ပူနွတ်၏ (ချင်းရိုင်းခရိုင်အတွင်းရှိ) နေအိမ် ၄ လုံးကို ထိုင်းမူး ယစ် ဆေးဝါး ကာကွယ်တားဆီးရေးအဖွဲ့က အင်အား ၇၀၀ ကျော်သုံး၍ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုတန်ဘိုး ဘတ်သန်း ၂၀၀ ခန့်အား သိမ်းပိုက်လိုက်ကြောင်း၊ ပူနွတ် ဆိုသူမှာ ကြိုတင်ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ ကြောင်း၊ ၎င်း၏ အိမ်ဖော်တဦးကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်း၏ သတင်းများ၌ ဖော်ပြထားသည်။

အလားတူ ချင်းရိုင်းခရိုင်အတွင်း မြို့နယ် ၃ ခုတွင်လည်း တားဆီးစစ်ဆေးဂိတ်နေရာ ၄၀ ခန့် ချကာအထူး စစ်ဆေးခဲ့ကြောင်းချင်းရိုင်း ဒေ သခံများကပြောသည်။

ယမန်နေ့က ထိုင်းရဲများရှောင်တခင်စစ်ဆေးမှုအပါအဝင် နော်ခမ်းနှင့်ပတ်သက်ဆက်နွယ်သည့်သူများထံမှယာဘအပြားပေါင်း ၁ သန်း ကျော် နှင့် မူးယစ်ဆေးဝါးတန်ဖိုး ဘတ်သန်း ၅၀၀ ဖမ်းဆီးမိပြီးဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါမိတ်ရပ် လမ်းသွယ် ၃ ရှိ ပူနွတ်၏ နေအိမ်အားလည်း ပြီးခဲ့သည့် တနှစ်ခန့်က ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ဝင် ရောက်စစ်ဆေးမှုပြုခဲ့သေးသည်။ သို့သော် ထိုစဉ်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပစ္စည်းများ တရားဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်း တစ်စုံ တစ်ရာ မတွေ့ခဲ့ရပေ။

ပူနွတ် ဆိုသူသည် Kings Romans Casino လောင်းကစားရုံ ကြီးကြပ်ရေးမှူးလည်းဖြစ်ခဲ့ပြီး ငယ်စဉ်ထိုင်းနာမည်မှာ ဂျမ်းရတ် ဖာ့ဂျရိန်းဖြစ် ၏။ ထိုနောက်ပိုင်း အိုးလန်း ဖာ့ဂျရိန်း၊ ဂျမ်းရတ် ဆုမ်ဖုန်းဖန်း စသည့်နာမည်များ ပြောင်းလဲခေါ် ဝေါ်သည် ဟုဆိုသည်။

အသက် ၅၈ နှစ်ခန့်ရှိ ပူနွတ်(ဦးနှုတ်ခမ်းမွေးအဓိပ္ပါယ်ရ) သည် မယ်ဆိုင်ဇာတိဖြစ်ပြီး ၂၀၀၁ ခုနှစ် နယ်စပ်အရေး အခင်း အတွင်း ထိုင်းနိုင် ငံမှ တိမ်းရှောင်ခဲ့ဖူးသည်။ သျှမ်းပြည်အရှေ့ပိုင်း သျှမ်းအမျိုးသမီး ( တချို့က မိုင်းယန်းသူ ဟုဆိုကြ၏) နှင့်အိမ်ထောင်ပြုခဲ့သည်။ ထို့ နောက် ပိုင်း ဇာတိမြေသို့ ပြန်လာပြီး မယ်ဆိုင်မြို့ သျှမ်းတိုင်းရင်းသား အစည်းအရုံး၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူ လည်းဖြစ်သည်။ ၎င်းသည် ယ မန်နှစ်က ဒု-ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ဆန်တီ ချိုင်းဝိရတ်တန ဆိုသူအသတ်ခံရမှုဖြင့်လည်း ရဲဘက်မှအလိုရှိနေသူဖြစ် သည်။

စိုင်းနော်ခမ်းမှာမူ တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တော်တရားရုံး၌ ယခင်အပတ်က တရားရုံးမှ သေဒဏ်ချမှတ်ပေးပြီးဖြစ် သည်။

No comments: