Friday, March 15, 2013

သမ္မတဦးသိန်းစိန် နညူးဇီလန်နိုင်ငံလည်ပတ်

ABC

သြစတြေးလျနဲ့ ​နယူးဇီလန်နိုင်ငံခရီးစဉ် ​စတင်ထွက်ခွာခဲ့တဲ့ ​မြန်မာနိုင်ငံ ​သမ္မတဦးသိန်းစိန် ​ဟာ ​နယူးဇီလန်နိုင်ငံကို ​မနေ့က ​ဆိုက်ရောက်ခဲ့ပါ တယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ် ​နိုဝင်ဘာလ ​မြန်မာနိုင်ငံကို ​လာရောက်လာပတ်ခဲ့တဲ့ ​နယူးဇီလန်ဝန်ကြီးချုပ် ​ဂျွန်ကီးရဲ့ ​ဖိတ်ကြားချက်အရ ​ဦးသိန်းစိန်က ​နယူးဇီလန်နိုင်ငံကို ​ခေတ္တသွားရောက် ​လည်ပတ်တာဖြစ်တယ်လို့လည်း ​သိရပါတယ်။

နယူးဇီလန်နိုင်ငံ ​ရဲ့ ​မူလ ​ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ​မောင်ရီလူမျိုးတွေရဲ့ ​ရိုးရာအကနဲ့ ​ကြိုဆိုခဲ့ကြပြီးတဲ့နောက် ​သမ္မတဦးသိန်းစိန်က ​နယူးဇီလန်ရေတပ်သား ​အယောက် ​၁၀၀ ​ရဲ့ ​စစ်ရေးပြမှုကိုလည်း ​ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ​သိရပါတယ်။

သမ္မတဦးသိန်စိန်ဟာ ​သူ့ရဲ့ ​လေးရက်တာ ​နယူးဇီလန်နိုင်ငံ ​ခရီးစဉ်အတွင်းမှာ ​နယူးဇီလန် ​အစိုးရအရာရှိတွေနဲ့ ​တွေ့ဆုံမှာတင်မကပဲ ​နိုင်ငံရဲ့ ​အထင်ကရတက္ကသိုလ်ဖြစ်တဲ့ ​အော်ကလန်တက္ကသိုလ်ကိုသွားရောက်လည်ပတ်မှာဖြစ်သလို ​နွားနို့ထုတ်လုပ်ရေး ​မွေးမြူရေးခြံတစ်ခြံကိုလည်း ​သွားရောက်လည်ပတ်မှာဖြစ်တယ် ​လို့ ​နယူးဇီလန် ​မီဒီယာ ​သတင်းတွေမှာ ​ဖေါ်ပြထားပါတယ် ​။

နယူးဇီလန်နိုင်ငံဟာ ​နို့ထွက်ပစ္စည်းဆိုင်ရာမှာ ​အရည်အသွေးမြင့်တဲ့ ​ထိပ်တန်းနိုင်ငံ ​တစ်နိုင်ငံ ​ဖြစ်တယ်လို့ ​နိုင်ငံတကာ ​အသိအမှတ်ပြုမှုခံ ရ တဲ့ ​နိုင်ငံဖြစ်ပါတယ်။

လာမယ့် ​မတ်လ ​၁၇ ​ရက်နေ့ ​တနင်္ဂနွေနေ့မှာတော့ ​သမ္မတဦးသိန်းစိန်အနေနဲ့ ​နယူးဇီလန်နိုင်ငံက ​ထွက်ခွာမှာဖြစ်ပြီး ​သြစတြေးလျနိုင်ငံကို ​ရောက်ရှိမှာ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

No comments: