ABC
မြန်မာနိုင်ငံထဲကို ရင်းနှီးမြုပ်နှံမှုလုပ်မဲ့ငွေတွေဟာ တိုင်းရင်းလူနည်းစုတွေကို ထိခိုက်နိုင်တယ်လို့ ကချင်တိုင်းရင်းသားအရေးလုပ်ရှားသူ တဦး က နိုင်ငံခြားကရင်း နှီးမြုပ်နှံ သူတွေကိုသတိပေးလိုက် ပါတယ်။
မြန်မာနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန် နညူးဇီလန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံကို လာရောက်လည်ပတ်ပြီး မြန်မာပြည်သူ တွေအတွက် နိုင်ငံ ခြား ရင်းနှီးမြုပ်နှံမှု ပိုမိုရရှိအောင် ကြိုးစားနေချိန်မှာ အခုလိုမျိုး သတိ ပေးမှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဟာ ဆိုးဝါးမွဲတေဆင်းရဲမှုကနေ မြင့်တင်နိုင်မယ့် အဓိက အချက်တခု ဖြစ်တယ်လို့ မြင်နေကြပေမယ့် တချို့ကတော့ အယုံအကြည် မရှိကြသေးဘူးလို့ သိရပါတယ်။
သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ ကချင်တိုင်းရင်းသား အဖွဲ့အစည်းက ဆိုင်းမော်ကတော့ သြစတြေးလျနိုင်ငံ အပါအဝင် နိုင်ငံတကာ အ သိုင်း အဝိုင်းတွေကို တရားစီရင်ရေး ရန္တရား၊ လူ့အခွင့်အရေး အာမခံ ချက် မရှိတဲ့ တိုင်းရင်းသား နယ်မြေတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ မလုပ်ကြဖို့ ပြောသွားခဲ့ပါတယ်။

No comments:
Post a Comment