ABC
မြန်မာအစိုးရနဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရသည်အထိ တွေ့ဆုံဆွေးနွေးမှုဆက်လက် လုပ်ဆောင်သွားဖို့နဲ့ ဧပြီလ ၁၀ရက်နေ့မတိုင်ခင် ထပ်မံတွေ့ဆုံဖို့ နှစ် ဖက်စလုံးက သဘောတူခဲ့ကြတယ်လို့ သိရပါ တယ်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်လို့ မတ်လ ၁၁ ကနေ ၁၂ရက်နေ့အထိ တရုတ်အစိုးရစီစဉ်ပေးမှုနဲ့ တ ရုတ်နိုင်ငံ နယ်စပ် ရွှေလီမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။
ဆက်လက်ပြီးတော့ ပြဿနာ ဆက်မဖြစ်ပွားဖို့အတွက် အောက်ခြေက တပ်တွေကိုလည်း နှစ်ဖက်စလုံးက ညွန်ကြားမှုပေးဖို့နဲ့ အဲဒီအတွက် လို အပ်သလို စောင့်ကြည့်ရေးရုံးတွေ ထားရှိဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ နှစ်ဖက် ပူးတွဲ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အခုတွေ့ဆုံဆွေးနွေးပွဲမှာ အစိုးဖက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌနက သံမှူးကြီး ၂ဦးအပါအ၀င် မြန်မာနိုင်ငံ တိုင်းရင်းသားအဖွဲ့များဖြစ်ကြတဲ့ ညီညွတ်သော တိုင်း ရင်းသားလူမျိုး ဖယ်ဒရယ်ကောင်စီ၊ ရှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ၊နဲ့ အထူးဒေသ ၄မိုင်းလားအဖွဲ့တို့ ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။

No comments:
Post a Comment