မောင်ရမ္မာ
မတ်လ ၁၃ ရက်နေ့တွင် စတင်မည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၏ ဆယ် တန်း စာမေးပွဲ စာစစ်ဌာနများကို လုံခြုံရေး တင်းကျပ်သွားမည်ဟု သတင်း ရရှိသည်။
ရခိုင်ကျောင်းသားများနှင့် ဘင်္ဂါလီကျောင်းသားများအကြား စာမေးပွဲ ဖြေဆိုရာတွင် တစ်စုံ တစ်ရာ မလိုလားအပ်သော ပြဿနာများ မပေါ်ပေါက်စေရန် အတွက် လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း မောင်တောမြိုမှ ကျောင်းဆရာတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ လုံခြုံရေးကို ခါတိုင်းနှစ်တွေနဲ့ မတူဘဲ တိုးချပြီး စာမေးပွဲကို စစ်ဆေးသွားမှာ ဖြစ်ပါ တယ်။ နယ်တွဲဘက် ကျောင်းတွေက ကျောင်းသားတွေလည်း လာကြမယ်ဆိုတော့ တစ် စုံ တစ်ရာ ပြဿနာ မပေါ်ပေါက်ရ အောင် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားကို တိုးချပြီး စာမေးပွဲကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ဆို သည်။
မောင်တောမြို့နယ်ရှိ အလယ်သံကျော် တွဲဖက် အ ထ က၊ တောင်ပြို တွဲဘက် အ ထ ကနှင့် ကြိမ်ချောင်းတွဲဘက်အထကကျောင်းမှကျောင်း သားများအားလုံးမှာ မောင် တောမြို့အတွင်းရှိ အ ထ က ၁ ကျောင်းတွင် ဖြေဆိုရမည် ဖြစ်သဖြင့် မောင်တောတွင်အထကတွင်သာမကတခြား အရေးကြီးသော နေရာများတွင်ပင် စာမေးပွဲ စစ်သည့် နေ့ရက်များ အတွင်း လုံခြုံရေးကို တိုးမြှင့်ထားမည်ဟု သိရသည်။
အစောပိုင်းတွင် ရခိုင်နှင့် ဘင်္ဂလီ ကျောင်းသားများကို လုံခြုံရေး အရ ခွဲခြားပြီး သီးသန့်စီ စစ်ဆေးသွားမည်ဟုသတင်းများထွက်ပေါ်ခဲ့သော် လည်း နောက်ပိုင်းတွင် ခွဲမစစ်တော့ဘဲ ကျောင်းတစ်ခုတည်းတွင် ခုံနံပတ်အလိုက် စစ်ဆေးသွားမည်ဟု ဆိုသည်။
တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၁၃ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်သော်လည်း မောင်တောမြို့တွင် လျှပ်စစ်မီး နေ့စဉ်မရသဖြင့် ကျောင်းသားများ စာဖတ်ရန် အခက်အခဲ ဖြစ်နေကြသည်ဟုလည်း ကျောင်းသားတစ်ဦးက နိရဉ္စရာသို့ ပြော သည်။
မောင်တောမြို့တွင် မြို့ပေါ်ရပ်ကွက် ၄ ခုရှိရာ အမှတ် ၁နှင့် အမှတ် ၂ ရပ်ကွက်ကို တစ်နေ့၊ အမှတ် ၃နှင့် အမှတ် ၄ ရပ်ကွက်ကို တနေ့စီခွဲ ပြီး လျှပ်စစ် မီးပေးကြောင်း သိရသည်။
တစ်နေ့ ညနေ ၆ နာရီခွဲမှ ၁၀ နာရီအထိသာ ရရှိ သဖြင့် စာမေးပွဲ နီးချိန် အတွင်း ရပ်ကွက်အားလုံးကို တပြိုင်နက်တည်းမီးပေးရန်ကျောင်း သားမိဘများက လိုလားနေကြသော်လည်း ယခုအချိန်ထိ သက်ဆိုင် ရာက စီစဉ် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းသိရသည်။

No comments:
Post a Comment