Wednesday, March 6, 2013

တာချီလိတ်မြို့အခြေစိုက်အပစ်သတ်ခံတပ်ရင်းမှူး ကိုသင်္ဂြိုဟ် ပြီးစီး

သျှမ်းသံတော်ဆင့်

ကိုယ်ရံတော်၏ ပစ်သတ်ခြင်းခံရသော သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ အခြေစိုက် ခမရ တပ်ရင်းမှူးအား တာချီလိတ်မြို့မသုဿန်သို့ သင်္ဂြိုဟ်ခဲ့ပြီးစီးကြောင်း တာချီလိတ်မြို့ခံများကပြောသည်။

“ မနေ့ကသင်္ဂြိုဟ်လိုက်ပြီ။ တာချီလိတ် မြို့မသင်္ချိုင်းကုန်းမှာပါ။ သူ့ကိုပစ်သတ်တဲ့ တပ်သားကိုလည်း ဖမ်းထားတယ်။ ဗုဒ္ဓဟူးနေ့ညကတည်းက သူတို့ ကြီးကြီးကျယ်ကျယ်စကား များကြတယ်။ ကြာသပတေးနေ့ညမှာ တပည့်က သူ့ဆရာကို ပစ်သတ်တော့တာ” - ဟု တပ်နှင့်နီးစပ်သည့် တာချီလိတ်မြို့ခံက ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက် ည ၁၀ နာရီကျော်က ခမရ ၃၃၁ တပ်မှတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇေယျာလင်းအား နောက်လိုက်တပည့် တပ်သားတဦး က သေနတ်ပစ်သတ်လိုက်ခြင်းဖြစ်သည်။

မတ်ခ်ျလ ၂ ရက် တြိဂံတိုင်းမှူးဗိုလ်ချုပ်သန်းထွန်းဦးကအဆိုပါအခင်းကိုလာရောက်ကြည့်ရှုစစ်ဆေးရာတွင်လည်းတရားခံတပ်သားမှာကြောက် ရွံ့ဟန်မရှိသည်ကိုတွေ့ရကြောင်း အဆိုပါမြို့ခံက ပြန်လည်ပြောပြသည်။

ဒုဗိုလ်မှူးကြီး ဇေယျာလင်းသည် တာချီလိတ်မြို့ ခမရ ၃၃၁ သို့ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့သည်မှာ တနှစ်ခန့်သာ ရှိသေးဟုဆိုသည်။

No comments: