Monday, March 18, 2013

ရွာသစ်ရေကာတာစီမံကိန်း စုပေါင်းဆုတောင်းပွဲ အာဏာပိုင်များ တားဆီးပိတ်ပင်၍ ပြုလုပ်ခွင့်မရခဲ့

ကန္တာရဝတီတိုင်း(မ်)


ရွာသစ်ရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံတွေ ဆန္ဒထုတ်ဖော်နိုင်ရေးအတွက် စုပေါင်း ဆုတောင်းပွဲကျင်းပဖို့ စီစဉ်ထားရာတွင် ဒေသခံအာဏာပိုင်တွေက ပိတ်ပင်တားဆီးခဲ့လို့ စုပေါင်းဆုတောင်းပွဲ ကို ပြုလုပ်ခွင့်မရခဲ့ဘူးလို့ သံလွင်ချစ်သူအဖွဲ့မှ ဦးစိုင်းသန်းရွှေက ပြောပါတယ်။

"ကျနော်တို့ ရှည်ရှည်ဝေးဝေး ဘာမှမလုပ်တော့ပါဘူး စီစဉ်ထားတဲ့အတိုင်းဖြစ်မလာဘူးပေါ့ လုပ်ရမည့်အစီအစဉ်ကတော့ နားရတဲ့သဘောပဲ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကိုတော့ ပြန်ဆက်သွယ်လို့ အမှီပြန်မလုပ်နိုင်လို့ ဧည်သည်တွေအနေနဲ့ ချက်ချင်း မသိလိုက်တာတွေရှိတယ်" လို့ ပြောပါတယ်။

မြို့နယ်အသီးသီးရှိ ကိုယ်စားလှယ်တွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေကို ဖိတ်ကြားထားပြီး ဆုတောင်းပွဲမှာ ဘာသာပေါင်းစုံကနေပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ စီစဉ်ထားသည့် အစားအသောက်များကိုတော့ ရောက်ရှိလာတဲ့ ဧည့်သည်တချို့နဲ့ ဘုန်းကြီးကို ပင့်လာပြီး တရားနာဆွမ်းကပ်ပွဲသာ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

"ကျနော်တို့ပထမက စီစဉ်ထားတာကတမျိုးပေါ့ အာဏာပိုင်အဖွဲ့အစည်းတွေက ကျနော်တို့ကို မေတ္တာရပ်ခံတဲ့အတွက်ကြောင့် ကျနော်တို့လည်း စီကားသိုက်မြိုက်စွာနဲ့ ငြိမ်းချမ်းစွာနဲ့ ဝတ်ပြုဆုတောင်းပွဲ …အဲဒီလိုဖြစ်မလာပဲနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ညွန်ကြားချက်အရ ကျနော်တို့ဝယ်ထားတဲ့ ပစ္စည်းတွေကို သံလွင်မြစ်ထဲမှာ ပစ်ချဖို့လည်း အဓိပ္ပါယ်မရှိဘူး။ ဆရာတော်တွေကို ဆွမ်းကပ်တယ်"လို့ ဦးစိုင်းသန်းရွှေက ဆက်ပြောပါတယ်။

ရွာသစ်ရေကာတာနှင့်ပတ်သက်၍ စုပေါင်းဆုတောင်းဝတ်ပြုပွဲကို မတ်လ ၁၄ ရက်နေ့ ဖားဆောင်းမြို့နယ် ဝမ်အောင်း (ယင်းတလဲရွာ)တွင် ပြုလုပ်ရန် စီစဉ်ထားကြသော်လည်း သံလွင်ချစ်သူ အဖွဲ့မှာ တရားဝင်အဖွဲ့အစည်းမဟုတ်သည့် အတွက် ၎င်းဆုတောင်းပွဲကို ခွင့်မပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ သံလွင်ချစ်သူအဖွဲ့ကို ပေးပို့ထားသောစာအရ သိရှိရပါတယ်။

ပြည်နယ်ဝန်ကြီး ဦးခင်မောင်ဦး (ခ) ဘူးရယ်က "အခုကတရားဝင်လုပ်လို့ရပြီး ဆန္ဒပြတယ်ဆိုရင် ဆန္ဒပြလို့လည်းရပါတယ်။ နည်းမှန်လမ်းမှန်နဲ့လုပ် ဘာမှခွင့်မပြုနိုင်စရာ အကြောင်းမရှိပါဘူး။ ခွင့်မပြုတာတွေဆိုတာက နားလည်မှုတွေလွှဲနေပါတယ်" လို့ မတ်လ ၁၅ ရက်နေ့တွင် သတင်းသမားများနှင့် တွေ့ဆုံချိန် ပြောကြားသွား တာဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်း ဥပဒေအရ ပြည်သူလူထုအနေနဲ့ ဒီကိစ္စကို တင်ပြချင်တယ်၊ တောင်းဆိုချင်တယ်၊ ဖော်ထုတ်ချင်တယ်ဆိုရင် အစိုးရကိုခွင့်တောင်းရင် အစိုးရအနေနဲ့ ကူညီပေးနိုင်တယ်လို့ ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူး ပြောပါတယ်။

ဝန်ကြီးဦးစောဟူးဟူက" အများနဲ့သက်ဆိုင်တဲ့နေရာမှာ သူတို့ဆန္ဒပြပိုင်ခွင့်ရှိပါတယ်။ ဘုရားကျောင်းမှာ ဆုတောင်းပွဲလုပ်တာတို့ပေါ့ တခုရှိတာက သူတို့လုပ်မည့်အနေအထားမှာ ပြောပြလို့ရှိရင် အစိုးရက ကူညီပေးလို့ရတယ်။ တနည်းအားဖြင့် ဆန္ဒပြတဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးကို တာဝန်ယူပေးရမှာ ရဲ၊ ရဲက ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမယ်။ သူ့အနေနဲ့ ဘာမှ နှောက်ယှက်စရာအကြောင်းမရှိဘူး"

No comments: