နိရဉ္စရာ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတွင်းမှာ ဆူပူမူတွေ ဖြစ်နေတာကြောင့် အိန္ဒိယ အ နောက် ဘင်္ဂလာပြည်နယ် နယ်စပ် တလျှောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တပ်လှန့်ထားလိုက်ပြီ ဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
ဒါ့အပြင် နယ်စပ် တလျှောက် အ၀င်အထွက် ဂိတ်တွေကိုလည်း ပိတ်ထား လိုက်ပြီ ဖြစ်တယ်လို့ ပြောပါတယ်။
ဘင်္ဂလာပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးပြောတာကအိန္ဒိယထောက် လှမ်း ရေး တပ်ဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ ဂျာမတ် အစ္စလာမ်မီယာနဲ့ ချီဘီ အဖွဲ့ဝင်တွေဟာ ဆူပူမူမှာ ပါဝင်တဲ့ အတွက် ဖမ်းဆီးခံရမှာကို စိုးရိမ်ပြီး အိန္ဒိယ နိုင်ငံထဲ ဖြတ်ကျော် ၀င်ရောက်ဖို့ ကြိုးစားနေကြတယ်လို့ သူတို့ သတင်း ရရှိကြောင်း ပြောဆိုပါတယ်။
အိန္ဒိယ နိုင်ငံဟာ ဘင်္ဂလာဒေခ်ျ့နဲ့ မိုင်ပေါင်းများစွာ နယ်စပ်ချင်းထိစပ်နေပြီး ဘင်္ဂလာဒေခ်ျ့က ရာဇ၀တ်မူ ကျူးလွန်သူတွေဟာ မကြာမကြာ နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။
သူ့နိုင်ငံ လုံခြုံရေး အတွက် အိန္ဒိယ အနေနဲ့ နယ်စပ် တလျှောက်မှာ သံဆူးကြိုးတွေ ကာရံပြီး လုံခြုံရေးတပ်ဖွဲ့ ၀င်တွေကို တိုးမြှင့်ချထားပေ မယ့် တရားမ၀င် ခိုးဝင်မူတွေ ဆက်ရှိနေတာကြောင့် မကြာခဏ ပစ်ခတ်နှိမ်နှင်းမူတွေ ရှိနေသလို သေဆုံးမူတွေလည်း အများကြီး ရှိနေပါ တယ်။
ဘင်္ဂလာဒေခ်ျ့နဲ့ ကပ်ရပ် တည်ရှိတဲ့ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှာတော့ ဘင်္ဂလာဒေခ်ျ့ ဆူပူမူကြောင့် သူ့နယ် စပ် လုံခြုံအောင် ဘယ်လို အစီအမံတွေ လုပ်နေတယ် ဆိုတာကိုတော့ တစုံတရာ ထုတ်ဖေါ် ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

No comments:
Post a Comment