KNG
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ “ဇ” ဒုက္ခသည်စခန်းတွင် အအေးမိ နှာစီးချောင်းဆိုး ဖြစ်ပွားနေပြီး အားဆေးများလိုအပ် နေကြောင်းသိရသည်။
နှာစီးချောင်းဆိုးသူများသည် ၁ ရက်လျင် ၂၀ ယောက်ခန့်ရှိပြီး ဝမ်းပျက်ဝမ်းလျှောအရေပြား ရောဂါဖြစ်သူများ၊ သွေးတိုးဖြစ်သူများ နေ့စဉ် ဆေး ခန်းသို့ ရောက်လာသောကြောင့် ဆေးမပြတ်သွားရန်လိုအပ်နေ ခြင်းဖြစ်သည်ဟု ကျန်းမာရေး ဆေးခန်းမှဆိုသည်။
ထိုသို့ ဖြစ်ပွားနေခြင်းသည် ဖေဖ၀ါရီလ ၁၀ ရက်နောက်ပိုင်းမှ ပိုများလာခြင်းဖြစ်ပြီး အထူးသဖြင့် ယခုချိန် ကလေးငယ်များအတွက် နှာစီး ချောင်းဆိုးဆေး၊ ဝမ်းလျှောဝမ်းပျက်ဆေးနှင့် အားဆေးများ လိုအပ်နေ ကြောင်းကျမ်းမာရေးဌာနမှ ဆရာယော်ထုံပြောသည်။
“ဆေးတွေက မလောက်ဘူးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက KBC တွေကြည့်နေတာ KBC တွေလဲ ၄၊ ၅ လမှ တခါပေးနိုင်တယ်။ ဒုက္ခ သည်တွေအတွက် တစ်လမှာ ၁၀ သိန်း လောက် ကုသပေးနေတာဆိုတော့ ဆေးတွေကမလောက်ဘူးပေါ့နော” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။
ရာသီဥတုအပြောင်းအလဲနှင့် ၎င်းဒုက္ခသည်စခန်းများတွင် ဖုံထူခြင်းနှင့် သောက်သုံးရည်ခက်ခဲမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်စခန်းမှ ဆေးခန်းသို့နေ့တိုင်းလူနာမပြတ်ရှိနေသော်လည်း သေဆုံးမှုထိမဖြစ်သေးကြောင်းနှင့် ယခုချိန် HIV/အဆုတ် TB ဖြစ်ပွားနေ သူ ၁ ဦးသာရောဂါလက္ခာဆိုးဝါး နေကြောင်း ကျမ်းမာရေးဌာနမှ ပြောသည်။
“ဇ” ဒုက္ခသည်စခန်းတွင် ဥရောပမှ နိုင်ငံ လူမှုကူညီရေး ကယ်ဆယ်ရေးအဖွဲ့ ၁၂ ဖွဲ့မှ အစား အသောက်ကို ဇန်နဝါရီလ ၃၀ ရက်နောက်ဆုံးရ ရှိသော်လည်း ဆက် လက်ပြီး ကူညီမှုရရှိမရရှိ မသေချာသေးသောကြောင့် စိုးရိမ်ပူပန်နေကြောင်း ဒုက္ခသည်စခန်းမှ အမျိုးသမီးတဦး ပြော သည်။
“အခုလောလောဆယ် အစားအစာကို ဘယ်သူပြန်ပြီးကျွေးမလဲ ဘယ်လိုရစားရတော့မလဲဆိုပြီး အရမ်းစိတ်ဆင်းရဲနေတယ်။ တချို့က စား သောက်ဖို့ရန် ခက်ခဲနေပြီ၊ အခုက ဘယ်သူပြန်ပြီး ကူညီမယ်ဆိုတာမသိဘူး…ပြောလဲမပြောဘူး..”
“ဇ” ဒုက္ခသည်စခန်းတွင် လူဦးရေ ၂၅၅၆ ဦး ခိုလုံလျက်ရှိပြီး ဆေးဝါးပြတ်လပ်သည့်ကြားမှ ဖျားနာနေသူများသည် ဆေးခန်းသို့နေ့စဉ် လူနာ မပြတ် ဆက်လက် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ဆေးဝါးများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမိန့် နှစ်ခြင်းခရစ်ယာန်အသင်းတော် (Kunming Baptist Church) မှ အနည်းငယ် ကူညီပေး နေသော်လည်း ထပ်မံလိုအပ်နေခြင်းဖြစ်သည်ဟု ကျမ်းမာရေးဌာန မှပြောသည်။

No comments:
Post a Comment