ABC
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဥရောပတိုက်၅ နိုင်ငံ မှာ (၁၀) ရက်ကြာတဲ့ ခရီးစဉ်နဲ့ ဘယ်လ်ဂျီယံ နိုင်ငံကို မနေ့က ရောက်ရှိ ခဲ့ပါတယ်။ ဘယ်လ်ဂျီယံ နိုင်ငံကို မထွက်ခွါခင် သြစတြီယား နိုင်ငံ မှာ သမ္မတ ဦးသိန်းစိန်က ဥရောပသမဂ္ဂ အနေနဲ့ ဆိုင်းငံ့ထားတယ်ဆိုတဲ့ ဆန်ရှင် ဒါဏ် ခတ်မှု တွေကို ဖယ်ရှားပေး ဖို့ တောင်းဆို ခဲ့ တယ်လို့ သိ ရ ပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀ကျော်ကတည်းက ချထားတဲ့ ဒါဏ်ခတ်ပိတ်ဆို့ မှု တွေ ကြောင့် မြန်မာ နိုင်ငံမှာ ခေတ်မှီ တိုးတက်တဲ့ စက်မှုလက်မှုတွေ မရှိ တဲ့အကြောင်း၊ ဒီနေရာတွေမှာ ဝိုင်းဝန်းကူညီပေး ဖို့ တောင်းဆို ခဲ့တယ်လို့ သိ ရ ပါတယ်။
၂၀၁၁ ခုနှစ် တုန်း က ပဲ မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး တွေကို အသိ အမှတ်ပြုတဲ့ အနေနဲ့ ဥရောပ သမဂ္ဂက ဒါဏ်ခတ်ပိတ်ဆို့မှု တွေ ကို ဆိုင်းငံ့ခဲ့ပါတယ်။
အမေရိကန် နိုင်ငံက မကြာသေးခင်က ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်နိုင်အောင် ငွေကြေးစနစ် ဝန်ဆောင်မှု တချို့ကို ချပေး ခဲ့ပါတယ်။
အနောက်တိုင်း နိုင်ငံတွေက မြန်မာ နိုင်ငံတွင်း ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ မငြိမ်မသက်မှုတွေ အပေါ် စိုး ရိမ်မကင်းဖြစ်နေ ကြပြီး၊ သြစတြီးယား အစိုး ရ ဟာ ဥရောပ သမဂ္ဂ အသင်းဝင် နိုင်ငံတွေ နဲ့ အတူ မြန်မာ နိုင်ငံမှာ လိုအပ်တဲ့ တိုးတက်မှု တွေ ပြည့်စုံရင် ပိတ်ဆို့မှုအားလုံး ကိုလျော့ချဖို့ သဘောတူညီ တဲ့ အကြောင်း၊ ဒီမူဝါဒတွေကြောင့် ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ တရားမျှတတဲ့ ရွေး ကောက်ပွဲကိုဦး တည်သွားလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောသွားပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ဥရောပ ခရီးစဉ်မှာ နော်ဝေး၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနိုင်ငံ တို့ကို ရောက်ရှိ ခဲ့ပြီး နောက်ဆုံးမှာ အီတလီ နိုင်ငံကို ဝင်ရောက်ပြီး မတ်လ ၈ ရက်နေ့မှာ မြန်မာ နိုင်ငံကို ပြန်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment