ABC
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်လာနေတဲ့ အဖွဲ့ဟာ မတ်လ ၉ ရက်နေ့က လိုင်ဇာမြို့အနီး လဂျားယန်မှာရှိတဲ့ အစိုးရတပ်စခန်းကနေ ဆက်သွားခွင့်မပေတာကြောင့် လဂျာယန် မိုးလဲ ချောင်း တံတားထိပ်မှာရပ်တန့်နေပြီး တချို့အစာငတ်ခံ ဆန္ဒ ပြနေကြတယ်လို့ သိရပါတယ်။
မတ်လ ၉ ရက်နေ့ ညနေ ၃ နာရီကတည်းက လိုင်ဇာမြို့ကနေ ၇ မိုင်အကွာမှာရှိတဲ့ တံတား ထိပ်ကနေ ရှေ့ဆက် သွားမရ ဖြစ်နေတာလို့ ဦးဆောင်ပါဝင်သူ ကိုသန့်ဇင် က ပြောပါတယ်။
ကျနော်တို့ ခုချိန်ထိ ပေါ့ လက်ဂျားယန်တံတားထိပ်မှာပဲ မကူးရသေးဘူးဗျ စကားပြောပုံတွေက အမျိုးမျိုးပေါ့ဗျာ အဓိကတော့ ဟိုဘက်ကထောင်ထားတဲ့မိုင်းရော ဒီဘက်ကထောင်ထားတဲ့မိုင်းရော အန္တရာယ်ရှိတယ် မသွားစေချင်သေးဘူး မစွန့်စားစေချင်ဘူးလို့ပြောတာပေါ့ တားတာမဟုတ်ပါဘူးလို့တော့ ပြောတယ် ခွင့်မပြုတာလားဘာလားလို့မေးတဲ့အခါကျတော့ တားတာမဟုတ်ပါဘူး ကျနော်တို့ခွင့်ပြုလို့မရပါဘူးဆိုပြီးတော့ အဲလိုလေးတွေ ယေဘူယျအားဖြင့်တော့ တားတာပါပဲဗျ ။
လမ်းလျှောက်လာတဲ့ ဒီအဖွဲ့ထဲမှာ အမျိုးသမီး ၁၁ ယောက် ၊ သံဃာတော် ၉ ပါးနဲ့ အားလုံး လူဦးရေ ၅၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူတွေဟာ မနေ့ညကလဲ အဲဒီတံတား ထိပ်မှာ ဖြစ်သလို အိပ်နားခဲ့ကြပြီး၊ အစာငတ်ခံ ဆန္ဒပခဲ့ကြတယ်လို့ ပြောပြပါတယ်။
နေ့လည်စာမှာ ကျနော်တို့လူတွေအားလုံးထမင်းမစားဘူး နောက်ပြီးတော့မှ ဘုန်းကြီး ၂ ပါး ဆွမ်းဘုန်းမပေးဘူးပေါ့ ၇ ပါးကတော့ ဘုန်းပေးတယ်ပေါ့ ကျနော်တို့နောက်က ထမင်းလာပို့တာလဲမရှိဘူး ရွာလဲမရှိ ဘူးပေါ့ဗျာ လိုင်ဇာမရောက်မချင်းကတော့ ဒီအတိုင်းပဲ နေရမှာပဲဗျ
ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေတဲ့ ကိုသန့်ဇင် ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ မြင်းခြံမြို့ကနေ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကနေ စတင်လမ်းလျှောက် လာခဲ့ကြတာဖြစ်တယ်လို့ ရေဒီယို သြစတေး လျှ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment