Wednesday, March 13, 2013

မြန်မာလို ပြောင်းလဲမှုလုပ်ဖို့ ကန်က မြောက်ကိုးရီးယားကိုပြော

ABC

အမေရိကန်နိုင်ငံအနေနဲ့ ​ပြုပြင်ပြောင်းလဲမှု ​လုပ်လိုတဲ့ ​နိုင်ငံတွေကို ​လက်ကမ်းလေ့ရှိပြီး ​ဒါကို ​သံသယဖြစ်မယ်ဆိုရင် ​မြန်မာနိုင်ငံအပေါ် ​ထား ရှိတဲ့ ​အမေရိကန်ရဲ့ ​သဘော ထားကို ​သက်သေသာဓက ​တစ်ခုလို ​ယူပြီး ​အမေရိကန်နိုင်ငံအနေနဲ့ ​ခွင့်လွှတ်တတ်တယ်၊ ​ဆက်ဆံရင်းနှီးမှုသစ် တွေ ​တည်ဆောက်နိုင်တယ်ဆိုတာကို ​မြောက်ကိုးရီးယားနိုင်ငံအနေနဲ့မြင်သင့်တယ်လို့ ​အမေရိ ကန်သမ္မတရဲ့ ​လုံခြုံရေး ​အကြံပေးပုဂ္ဂိုလ် တစ် ဦးက ​ပြောလိုက်ပါတယ်။

သမ္မတအကြံပေး ​Tom ​Donilon ​က ​မြောက် ​ကိုး ​ရီး ​ယား ​နိုင်ငံအနေနဲ့ ​နျူကလီးယား ​စမ်းသပ်မှု ​သုံးကြိမ် ​ပြုလုပ်ခဲ့တာတွေ၊ ​ဒုံးကျဉ် ​စမ်းသပ် ​ပစ်လွှတ်မှုတွေ ​လုပ်ခဲ့တာတောင် ​အ ​မေ ​ရိ ​ကန် ​နိုင် ​ငံ ​အနေနဲ့ ​မြောက်ကိုးရီးယား ​နိုင်ငံနဲ့ ​စစ်မှန်တဲ့ ​ဆွေးနွေး ​ညှိနှိုင်းပွဲမျိုး ​လုပ်ဖို့ ​တံခါး ​ဖွင့် ​ထား ​တဲ့ ​အကြောင်း ​မြောက်ကိုးရီးယားနိုင်ငံ ​ရဲ့ ​စီးပွားရေးတိုးတက်ပြီး ​ပြည်သူတွေ ​ဖူလုံမှု ​ရှိရေးအတွက် ​ဆွေးနွေးလိုတာ ​ဖြစ်ပေမယ့် ​လက်ရှိ ​မြောက်ကိုးရီးယားနိုင်ငံရဲ့ ​မှုတွေကိုတော့ ​ပြောင်းဖို့ ​လိုအပ်တယ်လို့ ​ပြောလိုက်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ ​အဓိပ္ပာယ်ပြည့်ဝတဲ့ ​ပြုပြင်ပြောင်းလဲမှု ​ခြေလှမ်းတွေ ​တကယ်လုပ်ကိုင်နေပါတယ်ဆိုတာကို ​သက်သေပြရမှာ ဖြစ်သလို ​ပေးခဲ့တဲ့ ​ကတိတွေတည်ဖို့နဲ့ ​နိုင်ငံတကာ ​ဥပဒေကို ​လေးစားဖို့ ​လိုတယ်လို့လည်း ​ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ​ပေးခဲ့တဲ့ ​ကတိတည်တယ်ဆိုတာကို ​ဝေးဝေးကြည့်စရာမလိုပဲ ​မြန်မာနိုင်ငံအပေါ် ​ထားရှိတဲ့ ​အမေရိကန်အစိုးရရဲ့ ​သ ဘောထားသစ်ကိုသာ ​သက်သေအနေနဲ့ ​ကြည့်သင့်တယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြောင်းလဲမှုလမ်းစတွေကြောင့် ​နိုင်ငံတကာနဲ့ ​ရင်းနှီးမှုရှိလာပြီး ​မြန်မာနိုင်ငံရဲ့ ​ကြွေးမှီတွေကို လျော်ချပေးမှုတွေလုပ် နေကြသလို၊ ​နိုင်ငံဖွံ့ဖြိုးရေးအတွက် ​ကူညီထောက်ပံ့မှုတွေပိုမို ရရှိတဲ့ အပြင် ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလည်း ​ပိုမိုဝင်လာဖို့ ​ရှိနေပြီလို့ ​ပြောပါ တယ်။

No comments: