Monday, March 4, 2013

အစိုးရကပုဂ္ဂလိကပိုင်သတင်းစာ ၈စောင်နေ့စဉ်ထုတ်ဝေခွင့်ပြု

ABC

မြန်မာအစိုးရက ​နေ့စဉ်ထုတ်ဝေမဲ့ ​သတင်းစာစောင်တွေကို ​ပုဂ္ဂလိကပိုင် ​သတင်းစာ ​ရှစ်စောင်ကိုပြီးခဲ့သောကြာနေ့တုန်းကခွင့်ပြုချက် ပေး လိုက်ပြီးလို့ ​သိရပါတယ်။

အခုခွင့်ပြုလိုက်တဲ့သတင်စာတွေဟာ ​လာမဲ့ ​ဧပြီလ ​တစ်ရက်နေ့မှာ ​စတင်ထုတ်ဝေ ​သွားမှာဖြစ်ပြီး ​နှစ်ပေါင်း ​ငါးဆယ်လောက် ​လက်ဝါးကြီး ​အုပ် ခဲ့တဲ့ ​မြန်မာအစိုးရ ​သတင်းစာ ​ကြီးစိုးမှုကို ​အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာအစိုးရ ​သတင်းနဲ့ ​ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ​အဆိုအရ ​သတင်းစာ ​ရှစ်စောင်စလုံးဟာ ​မြန်မာဘာသာတွေဖြစ်ပြီး ​အပတ်စဉ် ​ထုတ်ဝေ လျက် ရှိတဲ့ ​သတင်းစာစောင်တွေ ​ဖြစ်ပါတယ်။

အခုခွင့်ပြုလိုက်တဲ့ ​သတင်းစာစောင် ​အများစုဟာ ​ပြည်တွင်းမှာ ​အခြေစိုက်တဲ့ ​သတင်းစာတွေဖြစ်ပြီး ​အဲဒီထဲမှာ ​တချိန်ကပြည်ပမှာ ​အခြေစိုက်ခဲ့တဲ့ ​မဇ္စျိမသတင်းစာလည်း ​ပါဝင်တယ်လို့သိရပါတယ်။ ​မဇ္ဈိမ ​သတင်ဌာနဟာ ​အရင်က​အိန္ဒိယနိုင်ငံမှာအခြေစိုက်ခဲ့ပြီး ​၂ဝ၁၂ခုနှစ်တုန်းကမှမြန် မာပြည်ထဲကိုပြန်ဝင်ခဲ့တာဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ​ပုဂ္ဂလိကပိုင် ​အပတ်စဉ်ထုတ်သတင်းစာစောင်တွေကို ​၂ဝဝဝ​ ​ပြည့်နှစ်မှာ ​စတင်ပိုမိုထုတ်ဝေလာတာဖြစ်ပါတယ်။

No comments: