Monday, March 4, 2013
နစက ၄ ဦး ဘင်္ဂလာဒေခ်ျ့ နိုင်ငံထဲ ကျူးကျော်ဝင်ရောက်၍ ကန့်ကွက်ခံရ
မြန်မာ နယ်စပ်လုံခြုံရေး နစက တပ်ဖွဲ့ဝင် ၄ ဦးဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံထဲကို မနေ့က ကျူးကျော်ဝင်ရောက်လာတဲ့ အတွက်ဘင်္ဂလာဒေခ်ျ့နယ်စပ်အာဏာ ပိုင်တွေက ကန့်ကွက်စာ ရေးသား ပေးပို့လိုက်တယ်လို့ သိရပါတယ်။
ခုလို ကန့်ကွက်တာကို ကော့စ်ဘဇား အခြေစိုက်အမှတ် (၁၇)ဘီဂျီဘီတပ်ရင်း က ပြုလုပ်လိုက်တာ ဖြစ်တယ်လို့ ဘင်္ဂလီဘာသာနဲ့ ရေးသားထားတဲ့ Cox’sbazar news.com သတင်းမှာ ဖေါ်ပြ ထားပါတယ်။
မြန်မာနိုင်ငံထဲကို ဘင်္ဂလာဒေခ်ျ့ကနေ လူတွေ ခိုးဝင်လာတဲ့ အတွက် လိုက်လံ ဖမ်းဆီးရာမှာ မြန်မာ နစက တပ်သား ၄ ဦးဟာ နယ်ကျွံပြီး ဘင်္ဂလာဒေခ်ျ့ နိုင် ငံထဲကို စနေနေ့ မနက် ၉ နာရီခွဲခန့်က ၀င်ရောက် လာတာ ဖြစ်တယ်လို့ သ တင်းတွင် ဖေါ်ပြပါတယ်။
မူကာ (၂၈) နှစ်၊ မူစတာ (၃၀) နှစ်နဲ့ နုရ်အစ္စလာမ် (ခေါ်) အဘူဒါယာ (၂၆) နှစ် တို့ သုံးဦးဟာ လူပွဲစားတွေဖြစ်ကြပြီး ဘင်္ဂလာဒေခ်ျ့ဘက်က လူတွေကို မြန်မာနိုင်ငံထဲကို ခိုးသွင်းလာတဲ့ အတွက် နစကတွေက လိုက်လံ ဖမ်းဆီးဖို့ ကြိုးစားရာမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ အိုကီးယားမြို့နယ် ပါလောင်ခါလီဒေသ ဘက်ကို နစကတွေ ၀င်ရောက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
နစက တပ်ဖွဲ့ဝင် လေးဦးကို နယ်စပ်မှာ ရှိတဲ့ ဒိုင်းခါလီ ဘင်္ဂလီရွာသား တချို့က တွေ့ရှိပြီး သူတို့ရွာကို ဖိတ်ခေါ်ရာကနေ နစကတွေဟာအဲဒီ ရွာထဲကိုလည်း ၀င်ရောက်သွားခဲ့ပြီး ရွာထဲက အမျိုးသမီးတွေနဲ့ ကလေးတွေကတော့ နစကတွေကို ကြောက်ပြီး အိမ်ထဲမှာ ပုန်းနေခဲ့ကြတယ် လို့ ဆိုပါတယ်။
ရွာသားတွေဟာ အနီးအနားက ဘာလူခါလီ ဘီဂျီဘီ စခန်းကို အကြောင်းကြားတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လိုက်သွား တဲ့ အခါ မြန်မာ နစကတွေဟာ နယ်စပ် စီရို မျဉ်းကို ကျော် ဖြတ်ပြီး မြန်မာနယ်ထဲ ပြန်ဝင်သွားကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့က ကန့်ကွက်စာရေးသား ပေးပို့လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment