Sunday, March 3, 2013

စစ်တွေ အိုးတန်းရပ်ကွက်မှ တိုက်အိမ် ပိုင်ရှင် ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြ ခံရ

နိရဉ္စရာ

စစ်တွေမြို့ အိုးတန်းရပ်ကွက်မှ တိုက်ပိုင်ရှင် တစ်ဦးကို ဒေသခံ ပြည်သူ ၅၀ ခန့်က ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

“ သူတို့ အိမ်ရှေ့ကို ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကိုင်ပြီး သွားဆန္ဒပြကြတယ်။ ၂ ကြိမ်ပြပါတယ် ခင်ဗျား။ ပြရတဲ့ အကြောင်းက အိုအိုင်စီ လက်အောက်ခံ အဖွဲ့တွေကို သူတို့ပိုင်တဲ့ လေးထပ်တိုက် အဆောက်အဦးကို ဌားရမ်းတဲ့ အပေါ် မကျေနပ်တဲ့ အတွက် ဆန္ဒပြရတာ ဖြစ်ပါတယ် ခင်ဗျား” ဟု ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ဆန္ဒပြခံရသည့် တိုက်ပိုင်ရှင်မှာ စစ်တွေမြို့ အိုးတန်းရပ်ကွက် ရွှေသာလမ်းမှ ဦးစံရွှေအောင် ဖြစ် ကြောင်း သိရသည်။

ဆန္ဒပြသူ လူ ၁၀ ဦးခန့်သည် ဖေဖေါ်ဝါရီလ ၂၈ ရက် ညနေ ၇ နာရီခန့်တွင် ဦးစံရွှေအောင် တိုက် ရှေ့သို့ သွားရောက်ပြီး စုဝေး ဆန္ဒပြခဲ့ကြပြီး အိုအိုင်စီ လက်အောက်ခံ တူရကီအန်ဂျီအိုတစ်ခုအား ဦးစံရွှေ အောင်ပိုင် လေးထပ်တိုက်အား ဌားရမ်းမူကို ရပ်တန့်ရန် တောင်းဆိုခဲ့ ကြသည်ဟု ဆို သည်။

မတ်လ ၁ ရက်နေ့ နံနက်ကလည်း ရဟန်းသံဃာတော်များ အပါအ၀င် လူပေါင်း ၅၀ ခန့်က အဆိုပါ တိုက်ရှေ့သို့ စုရုံး ရောက်ရှိလာကြပြီးတူ ရကီ နိုင်ငံမှ အန်ဂျီအိုအား တိုက်ဌားရမ်းထားခြင်းကို ရပ်တန့်ရန် ဆက်လက် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

“ တိုက်ပိုင်ရှင် ပြောတာကတော့ ဆက်မဌားတော့ဘူး။ ကန်ထရိုက် စာချုပ်ကို ဖျက်သိမ်းလိုက်ပြီလို့ပြောတယ်။ဒါကြောင့်ကျွန်တော်တို့တောင်း ဆိုမူကို နံနက် ၁၀ နာရီမှာ အောင်မြင်စွာနဲ့ ရုတ်သိမ်းလိုက်ပါတယ်” ဟု ဆိုသည်။

ယခုအခါ အနောက်နိုင်ငံ အန်ဂျီအိုများ အပါအ၀င် အိုအိုင်စီ အဖွဲ့ဝင် နိုင်များ ဖြစ်ကြသော တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများမှ အန်ဂျီအို များသည် ရခိုင်ပဋိပက္ခ အလွန်ကာလတွင် လူ့အခွင့်အ ရေးဆိုင်ရာ စာနာမူ အကူအညီများ ပေးအပ်ရန် ဟု အကြောင်းပြကာ ရခိုင် ပြည်နယ်ထဲသို့ ၀င်ရောက်နေကြသည်ဟု ဆိုသည်။

ထိုအထဲမှ အန်ဂျီအို တချို့မှာ လူ့အခွင့်အရေးကို အကြောင်းပြပြီး နောက်ကွယ်တွင် နိုင်ငံရေး ပယောဂမကင်းသောအလုပ်များကိုဆောင်ရွက် နေသည့် အပြင် ဘက်လိုက်မူများ ရှိနေသဖြင့် ဒေသခံ ရခိုင်ပြည် သူများမှ အဆိုပါ နိုင်ငံခြားမှ အန်ဂျီအိုများကို ရခိုင်ပြည်နယ်ထဲတွင် ရပ်တည် ခွင့် ပြုရန် မလိုလားကြဟု သိရသည်။

No comments: