khonumthung
ချင်းပြည်နယ် မတူပီမြို့ပေါ်တွင် ဗဟိုအစိုးရစစ် အဌမတန်းစာမေးပွဲဖြေဆိုမည့် နောက်ဆုံးဘာသာ ပထ၀ီဝင် နှင့် သမိုင်း ဘာသာ ဖြေဆိုမည့် အချိန်ဇယား လွဲမှားမှုကြောင့် ကျောင်း သား များ အခက် ကြုံရ သည်ဟု သိရသည်။
၂၇ ၊ ၂၊ ၂၀၁၃ ရက်နေ့နံနက်ပိုင်းတွင် ပထ၀ီဝင်ဘာသာ၊ ညနေပိုင်းတွင် သမိုင်းဘာသာဖြေ ဆိုမည် ဟု ကြော်ငြာဘုတ်တွင် ကပ်ထားသော် လည်း ကျောင်းဆရာက နံနက်ပိုင်းတွင် သမိုင်း ဘာသာ၊ ညနေပိုင်း တွင် ပထ၀ီဝင်ဘာသာဖြေဆိုမည်ဟု နံ နက်ပိုင်း တန်းစီချိန်တွင် ကြေညာ လိုက်သည်။
“ကျောင်းသားတွေ စာမေးပွဲခန်းထဲ ၀င်တော့ နံနက်ပိုင်းမှာ ပထ၀ီဝင်မေးခွန်းလွှာကို ဖြန့်ဝေပြန် တယ်၊ ညနေပိုင်းကျမှ သ မိုင်းကို ပြန်ဖြေခိုင်း တယ်၊ ကျောင်းသားတွေ တွေဝေကုန်တာပေါ့ဗျာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
မတူပီမြို့ပေါ်ရှိ ကျောင်းဆရာများ၊ ပညာရေးရုံးဝန်ထမ်းများအတွင်း လဒ်ပေးလဒ်ယူမှုများ ရှိနေကြောင်း ပြောကြသည်။
မတူပီမြို့နယ်အတွင်း ပညာရေးဌာန တာဝန်ရှိများ၏ လုပ်ရပ်သည် လက်အောက်ငယ်သား ၀န်ထမ်း များ၊ အနာဂါတ် ကလေးငယ်များအ တွက် ဆိုးမွေများသာ ဖြစ်ကြောင်း သက်ဆိုင်ရာမှ အရေးတယူ စုံစမ်းစစ်ဆေးပြီး လုပ်သင့်သည်များ မနှေး အ မြန်ပြုလုပ်ပေးစေ လိုကြောင်း ကျောင်း သားမိဘ ဦး ယောင်ရု က ပြောသည်။
မတူပီ အထက (၁) နှင့် အထက (၂) ရှိ ကျောင်းသူ၊ ကျောင်းသားများသည် မူလတန်း၊ အလယ် တန်း အဆင့်တွင် ပညာ တော်ခဲ့ကြပေမဲ့ အ ထက်တန်းအဆင့်ပညာရေး ပရမ်းပတာ ဖြစ်မှုကြောင့် တခြားမြို့နယ် ကျောင်းများသို့ သွား ရောက်သင် ယူပြီး အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ သည်မှာ မတူပီမြို့နယ် ပညာရေးအတွက် သိက္ခကျ စရာဖြစ် နေပါသည်ဟု ဆက်ပြောသည်။
No comments:
Post a Comment