ABC
စကိုင်းတိုင်း မုံရွာခရိုင်မှာရှိတဲ့ လက်ပံတောင်းတောင်ဒေသမှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေကို ဒေသခံရွာသူရွာသားတွေက မတ်လ ၁၆ရက်နေ့ ညနေပိုင်းကစပြီး ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။
လက်ပံတောင်းတောင် ဒေသခံတွေဟာ ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် တုံရွာထိပ်က သပိတ်စခန်းကို ၁၂၊ ၁၂၊ ၂၀၁၂ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လိပ်ခွံတောင်နဲ့ အင်ကြင်းတောင် သပိတ်စခန်း တွေကိုတော့ ၂၀၁၃ခု မတ်လ ၇ရက်နေ့မှာ တောင်သိမ်းတိုက်ပွဲပြု လုပ်ပြီး ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေဖြစ်ပါတယ်။ အခုလို သပိတ်စခန်းတွေကို ပိတ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ဆည်တည်းရွာဘုန်း တော်ကြီး က အခုလိုမိန့်ကြားခဲ့ပါတယ်။
“စောစောတုန်းကတော့ သပိတ်စခန်း ၃ခုပေါ့နော် ဖွင့်ထားတာပေါ့နော့ တုန်သပိတ်စခန်းရယ်၊ အင်ကြင်း တောင်ရယ်၊ လိပ်ခွံတောင်ရယ်ဆိုပြီး တော့ ၃ခုဖွင့်ထားတာ။ လော လောဆယ်မှာ အခုဘာမှမရှိတော့ဘူးပါ့နော် ၊ သပိတ်စခန်းတွေ၊ မနေ့ညကတည်းက သတင်းကတော့ ထုတ် ပြန်တာပဲ၊ ဦးပဇင်းက ဒီမှာမနက်ခင်း မေးလိုက် တော့ ဟုတ်တယ်တဲ့ ညနေ ၅နာရီလောက်ကတည်း က ရုတ်သိမ်းလိုက်တာတဲ့။”
သပိတ်စခန်းတွေကို ဒေသခံပြည်သူတွေရဲ့သဘောဆန္ဒနဲ့ ရုတ်သိမ်းလိုက်တာဖြစ်ပြီး လယ်ယာမြေသိမ်းခံခဲ့ ရတဲ့တောင်သူတွေကို လျော်ကြေး ငွေတွေ စတင်ပေးနေပြီးဖြစ်ပေမဲ့ သွားရောက်ထုတ်ယူတဲ့သူရှိသလို မထုတ် ပဲနေတဲ့သူလည်း ရှိနေတယ်လို့ ပြောပါတယ်။
လက်ပံတောင်းတောင်ဒေသက သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၉ရက်နေ့မှာ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး နောက် ဒီကိစ္စကို စုံစမ်းစစ်ဆေး ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
ကော်မရှင်ရဲ့တွေ့ရှိချက်အစီရင်ခံစာကို မတ်လ ၁၂ရက်နေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပြီး ဒေသခံပြည်သူတွေက ကော်မရှင်ရဲ့အစီရင်ခံစာကို ကန့်ကွက်ခဲ့တဲ့အတွက် ကော်မရှင်ဥက္ကဌက လက်ပန်းတောင်းဒေသ ကိုသွား ရောက်ပြီး အစီရင်ခံစာနဲ့ တရွာပြီးတရွာသွားရောက်ရှင်းပြခဲ့ပေမဲ့ တချို့ရွာတွေမှာ အစီရင်ခံစာကိုလက်မခံ ကြောင်း ဆန္ဒပြတာတွေနဲ့ ကြုံခဲ့ရကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments:
Post a Comment