ရိုးမ ၃
ရှမ်းပြည်နယ်၊ အင်းလေးဖောင်တော်ဦး ဘုရားတွင် ရွှေသင်္ကန်းရောင်းချခြင်းကို တဦးတည်းပိုင်ဖြင့် ရောင်းချရမည့်ဟု အမိန့်ထုတ်ပြန်ခဲ့သည့် အတွက်ကြောင့် ကာလကြာရှည်စွာ ရွှေသင်္ကန်း ရောင်းချပြီး ဝမ်းရေး ဖြေရှင်းနေကြရသည့် ဒေသခံဆင်းရဲသားဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၏ အလှတခုဖြစ်သော အင်းလေးဖောင်တော်ဦး ဘုရားပတ်ဝန်းကျင်မှ ဒေသခံဈေးသည်များသည် လွန်ခဲ့သော နှစ် ၅၀ ကျော်မှ စတင်ကာ ဖောင်တော်ဦးဘုရားအား အမှီပြု လျှက် ဘုရားတွင် ဈေး ရောင်းစားခြင်းဖြင့် ဝမ်းစာ ရေးရှာဖွေစားသောက်နေကြရသူများ ဖြစ်ကြ သည်။
ဘမ္ဘာလှည့် ခရီးသွားများ ပိုမိုများပြားစွာ လာရောက်လည်ပတ်နေမှုများကြောင့် ဘုရားတွင် အစဉ်အဆက်ကတည်းကရွှေသင်္ကန်းရောင်းချခြင်း ဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည့်နည်း တူ၊ လက်ရှိအခြေအ နေတွင် အင်းလေးရေပြင် ခမ်းခြောက်မှု၊စိုက်ပျိုးမြေရှားပါးလာမှုဈေးသည် အလုပ်ကိုသာ ပိုမိုအား ထားနေကြရသည်။
နှစ်ပေါင်း ၃၀ ကျော်ကြာ ဘုရားရွှေသင်္ကန်းရောင်းချမှုဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူ ဒေသခံတဦးက “ဒီရွှေသင်္ကန်းရောင်းချတဲ့အလုပ် ကို တဦး တည်းပိုင်ကသာ ရောင်းချရမယ်ဆိုတဲ့ ဒေသန္တရအမိန့်ထုတ်လိုက်တယ်၊ ဘုရားဂေါပကတွေနဲ့ ပူးပေါင်းလုပ် လိုက် တယ်လို့ ယူဆ တယ်၊ နှစ်ရှည်လများကတည်းက ဒီရွှေသင်္ကန်းရောင်းတာ လေးနဲ့ အသက်မွေး ဝမ်းကြောင်းပြုနေကြရတဲ့ ကျနော်တို့ဒီသေခံ အများအ ပြား ဒုက္ခရောက်ရတယ်” ဟု ရှင်းပြသည်။
၎င်းက ဆက်လက်ပြီး “လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကဆို ဈေးရောင်းတဲ့ အမျိုးသမီးငယ်တွေကို ဖမ်းပြီး ကြိုးနဲ့တုတ်တာ၊ ထိပ်တုံးခတ်တာ တွေ တောင် ရှိခဲ့တယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး အထက်အာဏာပိုင်အဆင့် ဆင့် သိအောင်တော့ ဆက်ကြိုးစားသွားမယ်လို့” ဟု ဆက်လက်ရှင်း ပြ ခဲ့သည်။
No comments:
Post a Comment