ကိုကိုကြီး
ပါတီတွင် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည် ဟူသော ကောလဟလများ ထွက်ပေါ်နေသည့် ကြားမှာပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် (NLD) ဗ ဟို အလုပ်အမှုဆောင် အဖွဲ့ကို လူဟောင်း လူသစ်သုံးအချိုး တချိုးဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်က ကျင်းပခဲ့သော ပါတီညီလာခံတွင် ရွေး ချယ် ခန့်အပ်လိုက်သည်။
ဗဟို အလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင်အသစ်များအဖြစ် ဦးအောင်စိုး၊ ဒေါက်တာမျိုးအောင်၊ဒေါ်ဖြူဖြူသင်းနှင့် ဦးဇိုဘွဲတို့ ပါဝင်လာကြပြီး ကျန် အမှုဆောင် အဖွဲ့ဝင်များမှာ လူဟောင်းများ ဖြစ်ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှုနှင့် ပတ်သက်၍ “ အ လုပ် အမှုဆောင်အဖွဲ့မှာ လူသစ်တွေချည်းပဲ ဆိုရင်လူဟောင်းနဲ့ လူသစ် ကြား မှာ နိုင်ငံရေး အတွေ့အကြုံ အရမျိုးဆက် ကွာဟချက် ဖြစ်သွားနိုင်တယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။
အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသူများမှာ ပါတီအပေါ် သစ္စာရှိစွာ လုပ်ကိုင် ဆောင်ရွက်မည့်သူဟု ယူဆရသူများ ဖြစ်ပြီး ကာလရှည်ကြာ စွာ ထိုသို့လုပ်ကိုင်ခဲ့သူများ ဖြစ်ကြသည်ဟု သူက ပြောကြားသည်။
မတ်လ၁၀ရက်နေ့ ပါတီညီလာခံတွင် ဥက္ကဌအဖြစ် ပြန်လည် ရွေးချယ်တင် မြှေက်ခံခဲ့ရသောဒေါ်အောင်ဆန်းစုကြည်ကအမှုဆောင်အသစ်များ ကို မူ၃ချက်အပေါ် အခြေခံ၍ ရွေးချယ်ခဲ့ သည်ဟု သတင်းစာရှင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
မူတစ်ရပ်မှာ ပါတီနှင့်ယခင်ဆက်ဆံမှုဖြစ်ပြီး “ တွေ့အကြုံရှိတဲ့ လူဟောင်းတွေကို ချန်ထားဖို့ မဖြစ်နိုင်ဘူး” ဟုသူမက ပြောသည်။
ရွေးချယ်မှု ဒုတိယမူမှာ လက်သင့်ခံနိုင်သော စွမ်းဆောင်ရည်ရှိမှုဖြစ်ပြီး တတိယမူမှာ လူသစ်နှင့် တိုင်းရင်းသားများကို ရွေးချယ်ခန့်ထားသင့် သည် ဟူသောမူဖြစ်ကြောင်း သူမကပြောပါ သည်။
အမှုဆောင် ကော်မတီ တွင်ပါရှိခဲ့သော အမျိုးသမီး အရေအတွက်၏ ၂ဆ ၊ အမျိုးသမီး၎ဦး ယခုအမှုဆောင် အဖွဲ့တွင်ပါရှိသည်ဟုသူမကဆက် လက် ပြောကြားသည်။
ပြည်တွင်း နိုင်ငံရေးအခင်းအကျင်းနှင့်အတူ ပါတီမူဝါဒများတွင် အပြောင်းအလဲများ ရှိမည်ဟုလည်းဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သူမက “ အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းသစ်တွေနဲ့ ပါတီကလုပ်ဆောင် ရပါမယ်၊ အတိတ်ကာလတုံးက ကျမတို့ရဲ့ ချဉ်း ကပ်မှု က အတိုက်အခံပါတီ တစ်ခုပုံစံနဲ့ပါ၊ ဒါပေမယ့် အခုတော့ ပါတီက အပြုသဘော ဆောင်တဲ့ ချဉ်းကပ်မှုရှိရပါမယ်”ဟု ပြောသည်။
“ အဖွဲ့ဝင်တွေ ရွေးချယ်တင်မြှောက်ခြင်းဖြင့် ပါတီဝင်တွေ အားလုံးက ဒီမိုကရေစီနည်းလမ်း အတွေ့အကြုံရပြီ လက်တွေ့ နားလည်မှုရခဲ့ပါ တယ်၊ ပါတီဝင်များ အတွင်းရွေးချယ်မှု လုပ်ငန်းစဉ်အပေါ် သဘောကွဲ လွဲမှုများ ရှိခဲ့ပေမယ့် ကျနော်တို့ ပါတီအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာ နဲ့ အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်”ဟု ဦးဥာဏ်ဝင်းက ပါတီ၏ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ချီးကျူးပြောကြား ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဆောင်အဖွဲ့သစ်၏ ပထမဆုံး အစည်းအဝေးကို ဧပြီလ၈ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ အလှုပ်အမှု ဆောင်များအား တာဝန်ခွဲဝေသတ်မှတ်ခြင်းနှင့် လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ယင်းအစည်းအဝေးတွင် ဆွေးနွေးကြ မည်ဟု ဆိုသည်။
No comments:
Post a Comment