ရေခဲ (ပြည်)
ရှေးဟောင်း ဘာသာရေးအဆောက် အအုံတစ်ခုဖြစ်သော ပဲခူးတိုင်း၊ ပြည် ခရိုင်၊ ပြည်မြို့၊ ကျောင်းကြီး အိုးတန်း ရပ်ကွက်ရှိ တိုက်ဖြူဗလီကျောင်းဝင်း အတွင်း သို့သံဃာတော်များ အပါအ၀င် ဘာသာရေးခေါင်း ဆောင်များက စက်တင်ဘာ ၉ ရက်တွင် ပထမဆုံး အကြိမ်ဝင်ရောက် လေ့လာခဲ့ကြသည်။
“ပြည်မှာ ဗလီတွေကို အတွင်းကျကျ လေ့လာတာ။ ဒါပထမဆုံးအကြိမ်ပါ။ ဗုဒ္ဓဘာသာ သံဃာတော်တွေ ခရစ်ယာန်၊ ဟိန္ဒူဘာ သာရေးခေါင်းဆောင်များကဘာ သာပေါင်းစုံငြိမ်း ချမ်းရေးအတွက် လာရောက်လေ့ လာတာပါ”ဟု ဘာသာပေါင်းစုံငြိမ်း ချမ်းရေးအဖွဲ့ အစ္စလာမ်ဘာ သာဝင်ဒု-ဥက္ကဋ္ဌဦးခင်မောင်ထွေးက ပြော သည်။
ထို့ပြင် ပြည်မြို့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ ကိုးကြိမ်မြောက် အစည်းအဝေးကို တိုက်ဖြူဗလီ ကျောင်း ခန်းမတွင် ပြုလုပ်ကြသည်။
ဘာသာပေါင်းစုံမှ ဆရာတော် သံဃာတော်များက တိုက်ဖြူဗ လီကျောင်း အတွင်း သူတော်စင် ဟသွရက် ဆိုက်ယက်(ဒ်) အဗ်္ဗဒွလ်လ တွီးဖ်ရှား၏ အုတ်ဂူနှင့် ၁၉၆၀ ပြည့်နှစ်က တည်ဆောက်ခဲ့သော အမျိုးသမီး ၀တ်ပြုဆောင်များကိုပါ လေ့လာခဲ့ကြသည်။ ဘာသာအချင်းချင်း နားလည်မှု မလွဲစေရေးနှင့် ပဋိပက္ခများ ကြိုတင်ကာကွယ်ရေးပုံမှန် ကိုဆွေးနွေးခြင်း၊ သာသနိကအဆောက်အအုံများကို လေ့လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က မြောက်ဥက္ကလာပ မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ဗလီတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေးနှင့် ညီညွတ်ရေးအဖွဲ့က သံဃာတော် ၁၁ ပါးကို ဆွမ်းကပ်လှူခဲ့သည်။ အလားတူ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့၊ အမှတ် (၇)လမ်းရှိ ဗလီတွင်လည်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး အထိမ်း အမှတ်အဖြစ် သံဃာတော်များကို အောက်တိုဘာ ၁၇ ရက်က ဆွမ်းကပ်လှူခဲ့သည်။
No comments:
Post a Comment